ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
အပစ်ရပ်စဲရေးကို လေးစားဖို့နဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ နိုင်ငံတကာက တောင်းဆိုနေကြပေမဲ့ အီ ရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ အမေရိကန်ရေတပ်နားကို ချဉ်းကပ်လာတဲ့ အီရန်စစ်သင်္ဘော ဘယ် နှစ်စင်းကိုမဆို ဖျက်ဆီးပစ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ ပြောကြားချက်အရ ဒီနေ့မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ စတင်လိုက်တဲ့ ဒီ ပိတ်ဆို့မှုဟာ အီရန်ဆိပ်ကမ်းတွေကနေ ထွက်ခွာမယ့်သင်္ဘောတွေရော၊ ဆိုက်ကပ်မယ့် သင်္ဘောတွေ အားလုံးနဲ့ပါ သက်ဆိုင်တယ်လို့ သိရပါတယ်။
“အီရန်ရေတပ်ရဲ့ အစိတ်အပိုင်းအတော်များများဟာ စစ်ပွဲအတွင်းမှာ ပျက်စီးသွားခဲ့ပြီဖြစ်ပေမဲ့ အီ ရန်မှာ ကျန်နေသေးတဲ့ အမြန်နှုန်းမြင့် တိုက်ခိုက်ရေးသင်္ဘော အနည်းငယ်ဟာ အမေရိကန်ရဲ့ ပိတ်ဆို့ရေး ဧရိယာနားကို ချဉ်းကပ်လာခဲ့ရင်တော့ ချက်ချင်း အပြတ်ရှင်းပစ်မယ်လို့ ဒေါ်နယ်ထရမ့်က လူမှုကွန်ရက် မှာ ရေးသားထားပါတယ်။
တနင်္ဂနွေနေ့က ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘော ၃၄ စင်း ဖြတ်သန်းသွားခဲ့တယ်လို့ ဒေါ်နယ် ထရမ့် ပြောခဲ့ပြီး ဒါဟာ စစ်စဖြစ်ကတည်းက အများဆုံးပဲလို့ ဆိုပေမဲ့ ဒီအရေအတွက်က ဟုတ်မဟုတ်ဆို တာကိုတော့ ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
ဖေဖော်ဝါရီ ၂၈ မှာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ ဒီစစ်ပွဲကို အဆုံး သတ်ဖို့ ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်တဲ့အဖွဲ့ဟာ ပါကစ္စတန်မှာ အီရန်အရာရှိတွေနဲ့ သွားရောက် ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် မရခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က အခုလို ပိတ်ဆို့မှုကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်က အပစ်ရပ်စဲရေးက အခုထိ တည်မြဲနေဆဲဖြစ်သလို ကျန် နေသေးတဲ့ အငြင်းပွားစရာ ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက်လည်း အစွမ်းကုန် ကြိုးစားနေပါတယ်လို့ အ စိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အစ္စလာမ္မာဘတ်ဆွေးနွေးပွဲ ပျက်သွားပြီးကတည်းက အီရန်ကိုယ်စားလှယ်တွေဘက်က သဘော တူညီချက်ရဖို့အတွက် သူတို့ဆီကို ဖုန်းဆက်သွယ်လာတာမျိုးတွေ ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က အိမ် ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီက ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ် ဘင်ဖာဟန်နဲ့ ဖုန်းပြောဆိုရာမှာ ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်ဖြစ်နေတာဟာ အမေရိကန်ကြောင့်လို့ အ ပြစ်တင်ခဲ့ပါတယ်။
“ကံမကောင်းစွာနဲ့ပဲ ဆွေးနွေးပွဲတွေမှာ အမေရိကန်က အလွန်အကျွံ တောင်းဆိုမှုတွေ ဆက်လုပ် နေတာကို တွေ့ရပါတယ်၊ ဒါကြောင့်လည်း ရလဒ်ကောင်းတစ်ခု မထွက်လာတာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။
ကိုးကား – AFP
Ref; Trump vows US will ‘eliminate’ any Iranian ships defying blockade