ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်က သုံးပွင့် ဗိုလ်ကြီးတစ်ဦး နှင့် စစ်ကောင်စီတပ်သားတဦး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၁၁ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ

ဆိုင်ကယ်စီးပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကို

နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သေနတ်နဲ့ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဒီကနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတဦးကို ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ဆားကျူးရွာနှင့်ကုလားတယ်ရွာအကြားတွင် ဗိုလ်ကြီးအောင်ကိုကို နှင့်တပ်သားတစ်ဦးကို MGN Tiger၊ နောင်ရိုး PDF၊ Zar Ma Ni PDF နှင့် Bagan Nyaung Oo PDF မဟာမိတ် တို့ပူးပေါင်းရှင်းလင်းခဲ့တာ လို့ သတင်းထုတ်ပြန်သည်။

ဒါ့ပြင် အဆိုပါတိုက်ခိုက်မှုအပြီးတွင် MA5 MK2 သေနတ်တစ်လက်၊ကျည် ၇ တောင့် ၊ ဖုန်းနှစ်လုံး နှင့် ငွေသုံးသိန်း သိမ်းဆည်းရမိခဲ့တယ် လို့ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ-နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF

#Ayeyarwaddy_Times