စက်တင်ဘာလ ၁၁ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားများကို အမှုဖြေလျှော့ပေးမည်ဆိုပြီး သိန်း ၅၀ မှ ၃၀၀ အထိ တောင်းနေ
– မောင်တောအခြေစိုက် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်းကို အေအေ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ
– မင်းပြားမြို့နယ် ပန်းမြောင်းစျေး မီးလောင်၊ စျေးဆိုင်ခန်း ၂၀ ကျော် ဆုံးရှုံး
– ခင်ဦးနှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
– ဆေးတက္ကသိုလ် ၇ ခုအတွက် လူဦးရေ ၁၃၀၀ ကျော်ကို လူတွေ့နှုတ်မေး စာမေးပွဲ ဖြေခွင့်ပြု
– ကျောင်းတွေကို တိုက်ခိုက်ခံရခြင်းဟာ ၂၀၂၀ ခုနှစ်မှာ ၁၀ ကြိမ်သာ ရှိခဲ့ရာ ခုနှစ်မှာ အကြိမ်ရေ ၁၉၀ အထိ များပြားလာ
– စစ်ကောင်စီက ၇၂ မြို့နယ်ကိုသာ အပြည့်အဝထိန်းချုပ်နိုင်တော့ဟု SAC- Myanmar ဆို
– ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်
– ဘူးသီးတောင်တွင် ဒုတိယကမ္ဘာစစ်က ဗုံးသီး ၁၈ လုံးတွေ့ရှိ