ကျိုက်မရောမြို့နယ် ကျုံးဒိုးကျေးရွာရှိ ရဲကင်းစခန်းဝင်ရောက်တိုက်ခိုက်ခံရ၍ ရဲ ၂ ဦးသေဆုံး

ဧရာဝတီတိုင်းမ်

စက်တာင်ဘာ ၁၁ ရက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အပိုင် ကျုံဒိုးကျေးရွာ ဘိလပ်မြေစက်ရုံအနီးရှိ ရဲကင်းစခန်းအား စက်တင်ဘာ ၉ ရက် နံနက် ၂ နာရီဝန်းကျင်အချိန်က နဂါးနီစစ်ကြောင်းနှင့် KNLA ပူးပေါင်း တပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

နဂါးနီစစ်‌ကြောင်းမှ ကျုံဒိုးကျေးရွာ ရဲကင်းစခန်းအားဝင်ရောက်စီးနင်းရာ မိနစ် ၃၀ ကြာအပြန်လှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၂ ဦးသေဆုံးကာ ဖုန်း ၅ လုံးသိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရဲကင်းစခန်းအားဆက်လက် စီးနင်းရှာဖွေရာလက်နက်များ စခန်းတွင်း သိမ်းဆည်းထားခြင်းမရှိသောကြောင့် မရရှိခဲ့ကြောင်း စခန်းအတွင်းရှိအမျိုးသမီးနှင့် ကလေးများအား ပြန်လည်လွှတ်ပေးခဲ့ကာ စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

နဂါးနီစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များသည် စက်တင်ဘာလ ၉ ရက်နေ့ ည၁၀နာရီဝန်းကျင်အချိန်ကလည်း စစ်ကောင်စီတပ်များစခန်းချလေ့ရှိရာ သံပုရာကျေးရွာအနီးရှိ မီးသတ်ရုံးဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

#ကျိုက်မရော #ကျုံးဒိုး #ရဲကင်းစခန်း #ဝင်ရောက်တိုက်ခိုက် #ရဲ #သေဆုံး

#Ayeyarwaddy_Times