
ယူကရိန်းစစ်သည်များက ရုရှားတပ်ဖွဲ့များထံမှ ခေတ်မီစစ်လက်နက်များ သိမ်းဆည်းရမိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ယူကရိန်းတပ်ဖွဲ့တွေက ရုရှားစစ်တပ်ထံမှ ရာနဲ့ချီတဲ့ တိုက်ခိုက်ရေးယာဉ်တွေ၊ အမြောက်လက်နက်နဲ့ ခဲ ယမ်းမီးကျောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းအရှေ့မြောက်ပိုင်း ကာကတ်ဗ်ဒေသမျ ရုရှားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် စွန့်ပစ်ထား သည့် ရာနှင့်ချီသော စစ်ဘက်သုံးယာဉ်များ၊ စစ်လက်နက်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ယူကရိန်းတပ်ဖွဲ့များ၏ ထိရောက်သော တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ရှေ့တန်းစစ်မျက်နှာရှိ ရုရှားတပ်ဖွဲ့ များက ပြန်လည်ဆုတ်ခွာခဲ့ကြသည်။
ခေတ်မီ ရုရှားလုပ် လောင်ချာများ၊ အာပီဂျီများ၊ ချေမှုန်းရေးလက်နက်များနှင့် ကော်နက်တင့်ဖျက် ပဲ့ထိန်း ဒုံးကျည်များကို ယူကရိန်းတပ်ဖွဲ့များက ရုရှားတပ်ဖွဲ့များ ဆုတ်ခွာရာလမ်းကြောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သိမ်းဆည်းရမိသော စစ်လက်နက်များထဲတွင် 9k38lgla မြေပြင်-ဝေဟင်ခွင်းဒုံးကျည် (SAM) စနစ်တစ် မျိုးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့သောတစ်ပတ်အတွင်း ယူကရိန်းတပ်ဖွဲ့များ၏ ထိရောက်သော တန်ပြန်ထိုးစစ်ဆင်မှုကြောင့် အရှေ့ ပိုင်း ကာကတ်ဗ်ဒေသရှိ တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဓာတ်ပုံ – Google
ကိုးကား – Defence Blog
Ref; Ukrainian Soldiers seize modern weapons from Russians