ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၃ ရက်
‎‎

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးက ယနေ့ ထုတ်ပြန်သည်။
‎‎

မနက်ဖြန်မနက်ပိုင်းအထိ နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သာယာမည်ဖြစ်ကြောင်းထုတ်ပြန်သည်။
‎‎

မနက်ဖြန်နံနက်အထိခန့်မှန်းချက်တွင် ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းပါဝင်သည်။
‎‎

ယင်းပြင် မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်ကြောင်းသိရသည်။
‎‎

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းပါဝင်သည်။
‎‎

ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး လက်ရှိမြို့ကြီးများ၏ နေ့အပူချိန်များမှာ ပျှမ်းမျှအပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ရှိကြောင်း မိုး/ဇလက ထုတ်ပြန်သည်။

 

ဓာတ်ပုံ – မိုး/ ဇလ