ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံအနေနဲ့ အီရန်ကို လက်နက်တွေ ပို့ပေးမယ်ဆို ရင် ပြဿနာအကြီးအကျယ် တက်လိမ့်မယ်လို့ စနေနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား နှစ်ပတ်ကြာ ရရှိထားတဲ့ ထိလွယ်ရှလွယ် အပစ်ရပ်စဲရေးဟာ ပြိုကွဲသွား နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာ သူက အခုလို ပြောလိုက်တာပါ။
“အကယ်၍ တရုတ်ကသာ အဲဒီလို လုပ်မယ်ဆိုရင်တော့ သူတို့ ပြဿနာအကြီးကြီး တက်နိုင်တယ်” လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။
တရုတ်က ဒီစွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်မှာရှိတဲ့ တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပေကျင်းအနေနဲ့ ဘယ်ပဋိပက္ခမှာမဆို ဘယ်အဖွဲ့အစည်းကိုမှ လက်နက်တွေ ထောက်ပံ့ပေးခဲ့တာမျိုး လုံးဝမရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ အခြေအနေကို ပိုဆိုးအောင် လုပ်တာမျိုးတွေကို ရှောင်ကြဉ်ဖို့ တရုတ်သံရုံးက အမေရိကန်ကို တိုက်တွန်းထားပါတယ်။
တရုတ်က အီရန်ကို စစ်ရေးအရ ကူညီတာမျိုးရှိလာရင် ဝါရှင်တန်က အခြေအနေကို ပိုဆိုးအောင် လုပ်လိုက်တာလို့ပဲ မြင်မှာပါ။ ဒါ့အပြင် နောက်လမှာ သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဖို့ရှိတဲ့ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အပေါ်မှာလည်း အရိပ်မည်းကြီး မိုးသွားနိုင်ပါတယ်။
အနောက်အုပ်စုရဲ့ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရတဲ့ အီရန်အတွက်က တရုတ်နဲ့ ရု ရှားဟာ သံတမန်ရေးနဲ့ စီးပွားရေးအရ အားကိုးရတဲ့ အရေးအပါဆုံး မဟာဗျူဟာမြောက် စစ်ဖက်မဟာ မိတ်တွေ ဖြစ်နေဆဲပါပဲ။
အဲဒီလက်နက်တွေထဲမှာ ပခုံးထမ်း လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ (MANPADS) ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒါတွေကို အမေရိကန်ရဲ့ အနိမ့်ပျံ လေယာဉ်တွေကို ပစ်ချဖို့ အီရန်က သုံး နိုင်ပါတယ်။
ဒီလအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေမှာ အဲဒီလို လက်နက်မျိုးတွေ သုံးနေပြီလို့ အမေရိကန် တာဝန်ရှိသူတွေက ယူဆနေကြပါ တယ်။
အီရန်က အသေးစိတ် ထုတ်ဖော်ပြောတာ မရှိပေမဲ့ တော်လှန်ရေးအစောင့်တပ် (IRGC) ကတော့ မကြာသေးခင်က အမေရိကန် လေယာဉ်တွေကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တာဟာ “အဆင့်မြင့် ကာ ကွယ်ရေးစနစ်အသစ်” ကြောင့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်က အမေရိကန်ဟာ အီရန်နဲ့ အလွန်နက်နက်ရှိုင်းရှိုင်း ညှိနှိုင်းနေပါတယ်လို့ ဆိုပေမဲ့ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သိပ်အရေးမကြီးသလိုမျိုး ပြောသွားပါတယ်။
ကိုးကား – India Today
Ref; If China does that, Trump warns Beijing over possible Iran arms shipment