ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်ကမ်းနားလမ်းရှိ စစ်ကော်မရှင်၏ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုရေကစားမဏ္ဍပ်ကြီးမှာ လေပြင်းတစ်ချက်တိုက်ခိုက်ရုံဖြင့် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပုသိမ်ကမ်းနားလမ်း၌ ဆောက်လုပ်နေသည့် အဆိုပါ မဏ္ဍပ်ကြီးမှယမန်နေ့ ဧပြီ ၁၁ ရက်၊ ည ၉ နာရီခန့်က လေတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ညက လေလေးတစ်ချက် ဆောင့်တိုက်လိုက်တဲ့အချိန်မှာတင် မဏ္ဍပ်ကြီး ပြိုကျသွားတာ။ လမ်းကိုချက်ချင်းပိတ်လိုက်ပြီး ညတွင်းချင်းအပြီး ပြန်ဆောက်ခိုင်းနေကြတယ်။ လူတစ်ယောက်တော့ ခေါင်းထိသွားတယ်လို့ ကြားတယ်” ဟု ပုသိမ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

မဏ္ဍပ်ပြိုကျပြီးနောက် ပျက်စီးသွားသည့် သစ်သားများကို ညတွင်းချင်း ကားများဖြင့် သယ်ထုတ်ကာ အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် ဖိအားပေး ခိုင်းစေမှုများ ရှိခဲ့ပြီး အဆိုပါမဏ္ဍပ်သည် စစ်ကော်မရှင် တိုင်းအစိုးရအဖွဲ့ဝင်များ ကိုယ်တိုင် ရေကစားမည့် ဗဟိုမဏ္ဍပ်ကြီး ဖြစ်သည်။

 

ပုံစာ-လေတိုက်၁၍ ပြိုကျသွားသော စစ်ကော်မရှင်၏ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုရေကစားမဏ္ဍပ်ကြီး။