ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၁၂ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ လူနေရပ်ကွက်များသို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာ ငါးစင်း အသုံးပြု၍ယမန်နေ့ ဧပြီ ၁၁ ရက်၊ ည ၁၀ နာရီကျော်မှစတင်ကာ လေကြောင်းဖြင့် ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒေသခံများ ထိခိုက်မှုနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေအသေးစိတ်ကို လက်ရှိအချိန်တွင် အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရ သည်။

“ဗုံးသီးကတော့ ၈ လုံးလောက်ရှိမယ် ကြဲသွားတာ။ မြို့ပေါ်က ဘဝသစ်ရပ်ကွက်ဘက်မှာ ချသွားတာပါ” ဟု မင်းတပ်ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကော်မရှင်သည် ယခု ဧပြီလအတွင်း၌ပင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီးယခုတစ်ကြိမ် တိုက်ခိုက်မှုတွင် လူနေအိမ်အချို့ မီးလောင်ပျက်စီးမှုများရှိကြောင်း မြေပြင် သတင်းအချက်အလက်များအရ သိရသည်။
ဓာတ်ပုံ – မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနေအိမ်များ မီးလောင်နေစဉ်။