ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါကာလီဘတ်ဖ်က အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ မလုပ် ခင် တီဟီရန်အစိုးရအနေနဲ့ “စေတနာကောင်း ရှိပေမဲ့ ယုံကြည်မှုတော့ မရှိဘူး” လို့ စနေနေ့မှာ ပြောကြား လိုက်ပါတယ်။
“စိတ်မကောင်းစရာကတော့ အမေရိကန်နဲ့ ဆွေးနွေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေဟာ အမြဲတမ်း ကျရှုံးခဲ့ရတာပဲ၊ သူတို့ဘက်က ကတိဖျက်တာတွေနဲ့ပဲ ကြုံခဲ့ရတယ်” လို့ သူက ဆိုပါတယ်။
“တစ်နှစ်မပြည့်ခင်မှာတင် နှစ်ကြိမ်တောင် ရှိပြီ။ ဆွေးနွေးပွဲတွေ လုပ်နေတုန်းမှာပဲ အီရန်က စေ တနာအမှန်နဲ့ လုပ်နေပေမဲ့ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့သလို စစ်ရာဇဝတ်မှုတွေလည်း အများ ကြီး ကျူးလွန်ခဲ့တယ်” လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်ကသာ ရိုးသားမှုရှိတယ်ဆိုရင် အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု ရယူဖို့ အဆင် သင့်ပဲလို့ သူက အလေးအနက် ပြောပါတယ်။
“ရှေ့လာမယ့် ဆွေးနွေးပွဲတွေမှာ အမေရိကန်ဘက်က အမှန်တကယ် သဘောတူညီချက် ရယူချင် စိတ်ရှိပြီး အီရန်ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ပေးမယ်ဆိုရင် ကျွန်တော်တို့က သဘောတူညီချက်ရဖို့ အ သင့်ရှိနေတာကို သူတို့ မြင်ရမှာပါ” လို့ သူက ဆိုပါတယ်။
အကယ်၍ ဒီဆွေးနွေးပွဲတွေကို မရိုးသားတဲ့ လုပ်ရပ်တွေအတွက် အကာအကွယ်အဖြစ် အသုံးချ မယ်ဆိုရင် တီဟီရန်က ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ သူက သတိပေးထားပါ
တယ်။
“အခုစစ်ပွဲမှာ ကျွန်တော်တို့ သူတို့ကို ပြလိုက်ပြီ။ အမေရိကန်က ဒီဆွေးနွေးပွဲတွေကို အကျိုးမရှိတဲ့ ပြကွက်တစ်ခုအနေနဲ့ပဲ သုံးပြီး လှည့်စားဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်တို့က ဘုရားသခင်ကို ယုံ ကြည်မှု၊ ပြည်သူတွေရဲ့ အင်အားကို အားကိုးမှုတွေနဲ့အတူ ကျွန်တော်တို့ရဲ့ ရပိုင်ခွင့်တွေကို ရအောင်ယူဖို့ အသင့်ရှိနေတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ကို မထွက်ခွာခင်မှာ “အီ ရန်ကသာ စေတနာအမှန်နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ကလည်း လက်ကမ်းကြိုဆိုဖို့ အ ဆင်သင့်ပါပဲ” လို့ ပြောပါတယ်။
ပါကစ္စတန်ဟာ တူရကီ၊ တရုတ်၊ ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်တို့နဲ့ ပူးပေါင်းပြီး ဝါရှင်တန်နဲ့ တီ ဟီရန်ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဗုဒ္ဓဟူးနေ့မှာ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီး ရက် ပေါင်း ၄၀ အကြာမှာ ဖြစ်ပေါ်လာတာပါ။ ဒီသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ နှစ်ဖက်စလုံး ဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အစ္စလာမာဘတ်မြို့မှာ တွေ့ဆုံကြဖို့ သဘော တူခဲ့တာပါ။
ကိုးကား – Anadolu
Ref; Iran parliament speaker says ‘good intentions but no trust’ ahead of US talks