ဇွန်လ ၃၀ ရက်
စစ်ကိုင်းတိုင်း၊ချင်းတွင်းမြစ်ဘက်မှ မြောင်နယ်ရွှေပန်းရွာသို့ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားများ မြောင် PDF ပူးပေါင်းအဖွဲ့က ဇွန်လ ၂၈ ရက် နံနက် ၂ နာရီဝန်းကျင်ကဒရုန်းဖြင့်တိုက်ခိုက်လို့ စစ်တပ်က အများအပြားသေဆုံးခဲ့ကြောင်း မြောင်CDSOM ကထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီ အင်အား ၆၀ ဝန်းကျင်ကို မြောင်မြို့နယ် CDSOM နှင့် PDF Taloke၊ MGN Ranger မြင်းခြံခရိုင် တပ်ရင်း ၂၊ ချောင်းဦးမြို့နယ်တော်လှန်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင်လည်းမဟာမိတ်တပ်ဖွဲ့များမှ မြောင်နယ်အတွင်း ဒရုန်းစစ်ဆင်ရေးတွင် ဒရုန်း ၅ စီးဖြင့် ပွိုင့် ၃ နေရာချရန် စီစဉ်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အစုလိုက်ရှိနေသည့် နေရာကိုရွေးချယ် တိုက်ခိုက်ခဲ့ကြောင်း မြောင် CDSOM က သတင်းထုတ်ပြန်ထားသည်။
ရုပ်သံ – CDSOM Drone Team