ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်
စစ်အုပ်စုက ဦးဆောင်ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော ပြည်ထောင်စုလွှတ်တော် (ရွေးတုလွှတ်တော်) က တင်မြှောက်လိုက်သည့် အမည်ခံသမ္မတအဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ ကျမ်းသစ္စာပြု ကျမ်းကျိန်ခဲ့သည်။
အမည်ခံသမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော၊ ဒေါ်နန်းနီနီအေး တို့သည် ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက်၌ ကတိသစ္စာပြုခဲ့ကြပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရပ်သားအစိုးထံမှ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ၊ စစ်ကော်မရှင်ဥက္ကဋ္ဌ စသည့် ရာထူးများကို ရယူခဲ့ပြီး ယခုအခါ သမ္မတအဖြစ် ကျမ်းသစ္စာပြုကာ ၎င်းဖွဲ့စည်းထားသည့် အရပ်သားအမည်ခံအစိုးရအဖွဲ့သစ်ဖြင့် နိုင်ငံ့တာဝန်များကို ဆက်လက်ချုပ်ကိုင်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမည်ခံသမ္မတအဖြစ် ရွေးတုလွှတ်တော်တွင် ကျမ်းသစ္စာဆို