ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

အီရန်နဲ့ အမေရိကန်ကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ဗုဒ္ဓဟူးနေ့မှာတင် ပျက်ပြားလု နီးပါး ဖြစ်နေပြီး အစ္စရေးက လက်ဘနွန်ကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်လိုက်တဲ့အတွက် အီရန်က လည်း တိုက်ပွဲတွေကို ပြန်စမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

ဒီနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို နှစ်ဖက်စလုံးက အောင်ပွဲ ခံခဲ့ပေမဲ့ အစ္စရေးက လက်ဘနွန်ကို အပြင်းအထန် ထပ်မံတိုက်ခိုက်လိုက်တဲ့အတွက် ဒီသဘောတူညီချက် က အမြန်ဆုံး အက်ကွဲကြောင်း ဖြစ်လာခဲ့ပါတယ်။

မတ်လအစောပိုင်းကတည်းက စစ်ပွဲထဲပါဝင်လာတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားပြီး ဘေ ရွတ်မြို့လယ်က လူနေထူထပ်တဲ့နေရာတွေကို အစ္စရေးက ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓဟူးနေ့ တစ်ရက်တည်းမှာတင် လူပေါင်း ၁၈၂ ဦး သေဆုံးပြီး ၉၀၀ နီး ပါး ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အစ္စရေးက ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အင်္ဂါနေ့နှောင်းပိုင်းက ရရှိခဲ့တဲ့ အ မေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ မသက်ဆိုင်ဘူးလို့ ပြောဆိုထားပါတယ်။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း ဒီအချက်ကိုပဲ ထောက်ခံပြောဆိုထားပြီး သူဟာ နောက်ထပ် ရက်ပိုင်းအတွင်းမှာပဲ ပါကစ္စတန်နိုင်ငံမှာ အီရန်နဲ့ ဆွေးနွေးမှုတွေကို ဦးဆောင်ပြုလုပ်ဖို့ ရှိနေ ပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါဂါလီဘက်က အပစ်အခတ်ရပ်စဲရေးကို ခြိမ်းခြောက်ခဲ့ပြီး ညှိနှိုင်းမှုအတွက် အခြေခံအချက်တွေကို ချိုးဖောက်ခံခဲ့ရပြီဖြစ်လို့ နောက်ထပ် ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင် တော့ဘူး လို့ လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတ်မှတ်ပေးထားတဲ့ အချိန်မတိုင်ခင် နာရီပိုင်းအလိုမှာပဲ ရရှိ ခဲ့တဲ့ ဒီအပစ်အခတ်ရပ်စဲရေးဟာ အခုဆိုရင် အတော်လေးကို အခြေအနေ ဆိုးဝါးနေပြီး အမေရိကန် အ ဆင့်မြင့်အရာရှိတစ်ဦးရဲ့အဆိုအရ အီရန်တင်ပြလာတဲ့ အချက် ၁၀ ချက်ဟာ အိမ်ဖြူတော်က စစ်ပွဲကို ရပ် တန့်ဖို့ သဘောတူညီခဲ့တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်က အစ္စရေးဘက်က တိုက်ခိုက်မှုတွေကို မရပ်တန့်ဘူးဆိုရင် တာ ဝန်အတိုင်း တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးလိုက်သလို၊ ဟစ်ဇ်ဘိုလာအဖွဲ့ကလည်း တုံ့ ပြန်ပိုင်ခွင့်ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြီးမြောက်အောင် လုပ်ဆောင်ရမယ့် ရည်မှန်း ချက်တွေ ကျန်ရှိနေသေးတာကြောင့် လိုအပ်လာရင် အီရန်ကို ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါ တယ်။

ကိုးကား – AFP
Ref; Iran-US truce on brink as Israel pounds Lebanon, Tehran warns of escalation