ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အီရန်နဲ့ ဆွေးနွေးမှုတွေကို ဦးဆောင်နေသူအနေနဲ့ ပြတ် ပြတ်သားသား သတိပေးခဲ့ပြီး အကယ်၍ အီရန်က ပေးထားတဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်မယ်ဆို ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။
လက်ဘနွန်ကို အစ္စရေးက ဆက်လက်တိုက်ခိုက်နေတဲ့အတွက် အီရန်က ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ပိတ်ဆို့ဖို့ အရိပ်အမြွက် ပြောကြားထားတာနဲ့ ပတ်သက်ပြီး အခုလို တုံ့ပြန်လိုက်တာပါ။
ဧပြီလ ၈ ရက်နေ့က ဟန်ဂေရီခရီးစဉ်အပြီး အမေရိကန်ကို ပြန်မလာခင်မှာ ဂျေဒီဗန့်စ်က သတင်း ထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။ “အခြေခံအားဖြင့်တော့ ကျွန်တော်တို့ အခြေအနေကောင်း ပါတယ်။ အီရန်ကလည်း ရေလက်ကြားကို ပြန်ဖွင့်ပေးနေပြီ၊ ကျွန်တော်တို့ဘက်ကလည်း အပစ်အခတ် ရပ်စဲထားပါတယ်” လို့ သူက ဆိုပါတယ်။
“သမ္မတ ဒေါ်နယ်ထရမ့်က ဒီသဘောတူညီချက်ဟာ အပစ်အခတ်ရပ်စဲရေးနဲ့ ဆွေးနွေးပွဲသာဖြစ် တယ်ဆိုတာကို အတိအလင်း ပြောထားပြီးသားပါ။ ကျွန်တော်တို့က အပစ်ရပ်ပေးလိုက်တယ်၊ အီရန်က ရေလက်ကြားကို ပြန်ဖွင့်ပေးရမှာပါ” လို့ ၎င်းက ပြောပါတယ်။
အီရန်အနေနဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိဘူးဆိုရင် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ချုပ် ဆိုထားတဲ့ စည်းကမ်းတွေကို လိုက်နာမှာမဟုတ်ဘူးလို့လည်း သူ သတိပေးခဲ့ပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘက်က အမေရိကန်ဟာ သဘောတူညီချက်ကို ၃ ကြိမ်တိုင် ချိုး ဖောက်ခဲ့တယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားတာနဲ့ ပတ်သက်ပြီးတော့ “သူ အင်္ဂလိပ်စာကို ဘယ် လောက်နားလည်သလဲ ဆိုတာတောင် ကျွန်တော် စဉ်းစားမိတယ်။ သူပြောတဲ့အချက်တချို့က ကျွန်တော် တို့ ဆွေးနွေးထားတဲ့အထဲမှာ လုံးဝမပါသလို နားလည်ရတာလည်း ခက်ခဲနေတယ်” လို့ ဂျေဒီဗန့်စ်က တုံ့ပြန်လိုက်ပါတယ်။
ဂါလီဘက်က အစ္စရေးက လက်ဘနွန်ကို တိုက်ခိုက်တာ၊ အီရန်လေပိုင်နက်ထဲကို ဒရုန်းတွေ ကျူး ကျော်ဝင်ရောက်တာနဲ့ ယူရေနီယံသန့်စင်ခွင့်ကို ပိတ်ပင်ထားတာတွေကြောင့် အပစ်ရပ်ပြီး ဆွေးနွေးတာ ဟာ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ ဂါလီဘက်ရဲ့ လက်ဘနွန်အရေး ပြောဆိုချက်နဲ့ ပတ်သက်ပြီးတော့တော့ ၎င်းက “အယူအဆလွဲမှားနေပုံရတယ်” လို့ ပြောပါတယ်။ “အီရန်က လက်ဘနွန်ကိစ္စကိုလည်း ဒီအပစ်ရပ် သဘောတူညီချက်ထဲမှာ ပါဝင်နေမယ်လို့ ထင်နေပုံရတယ်။ တကယ်တော့ မပါဝင်ပါဘူး၊ ကျွန်တော်တို့ ဘက်ကလည်း အဲဒီလို ကတိမျိုး တစ်ခါမှ မပေးခဲ့ပါဘူး” လို့ သူက ဆိုပါတယ်။
“အီရန်အနေနဲ့ လက်ဘနွန်ကိစ္စကို အကြောင်းပြပြီး ဆွေးနွေးပွဲတွေကို ဖျက်သိမ်းချင်တယ်ဆိုရင် တော့ ဒါဟာ အီရန်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်” လို့ ၎င်းက ပြတ်ပြတ်သားသား ပြောပါ တယ်။
ကိုးကား – Fox News
Ref; Vance Warns Iran: Serious Consequences for Breaking Agreement