ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
အီရန်နဲ့စစ်ဖြစ်နေတဲ့အချိန်မှာ နေတိုးအဖွဲ့ဟာ အမေရိကန်ကို ကူညီဖို့ ပျက်ကွက်ခဲ့တယ်လို့ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
“နေတိုးဟာ ကျွန်တော်တို့ လိုအပ်နေချိန်မှာ ရှိမနေခဲ့သလို နောက်တစ်ကြိမ် လိုအပ်လာရင်လည်း ရှိနေမှာမဟုတ်ဘူး” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။
အရင်က ဒိန်းမတ်ပိုင်နက်ဖြစ်တဲ့ ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့တာနဲ့ ပတ်သက်ပြီးတော့ “စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ ရေခဲတုံးကြီးဖြစ်တဲ့ ဂရင်းလန်ကို မှတ်မိကြဦးမှာပါ” လို့ ၎င်းက ပြောဆိုခဲ့ပါသေး တယ်။
ဒေါ်နယ်ထရမ့်ရဲ့ အခုလို ပြောကြားချက်တွေဟာ အိမ်ဖြူတော်မှာ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ် ရုတေးနဲ့ တံခါးပိတ်တွေ့ဆုံပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလီဗစ်ကလည်း အီရန်စစ်ပွဲအတွင်းမှာ နေတိုးအနေနဲ့ စမ်းသပ်မှုတစ်ခုနဲ့ ကြုံခဲ့ရပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
“ပြီးခဲ့တဲ့ ခြောက်ပတ်အတွင်း နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးအတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ အမေရိကန်ပြည်သူတွေကို နေတိုးက ကျောခိုင်းသွားတာဟာ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်” လို့ သူက ဆိုပါတယ်။
နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လစ်ဆင်ဟတ်က ရုတေးနဲ့ ဒေါ်နယ်ထရမ့်တို့ကြားမှာ ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးဟာ အီရန်အရေးအပါအဝင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ ကြပြီး ရုတေးက မဟာမိတ်နိုင်ငံတွေအနေနဲ့ ပိုမိုခိုင်မာပြီး မျှတတဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်လာဖို့ အရေး ကြီးကြောင်း အလေးပေးပြောခဲ့တယ်လို့ ဟတ်က လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; NATO ‘wasn’t there’ when US needed it: Trump