ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ အမေရိကန်နဲ့ အီရန်တို့ဟာ လာမယ့်သောကြာနေ့မှာ အစ္စလာမ် မာဘတ်မြို့မှာ စတင်ဆွေးနွေးကြတော့မှာပါ။

ဆွေးနွေးပွဲက ၁၅ ရက်ကြာမှာဖြစ်ပြီး အဲဒီအတောအတွင်း တိုက်ခိုက်မှုတွေကို ခဏရပ်ထားဖို့ အီ ရန်အမျိုးသားလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

အီရန်က စစ်မြေပြင်မှာ ရည်မှန်းချက်တွေ ပြည့်ဝခဲ့ပြီလို့ ယူဆတဲ့အတွက် အခုလို ဆွေးနွေးပွဲတက် ဖို့ သဘောတူလိုက်ပေမဲ့ ဒါဟာ စစ်ပွဲပြီးသွားပြီလို့ မဆိုလိုဘဲ တောင်းဆိုထားတဲ့ အချက်တွေရမှသာ စစ်ပွဲ ကို အပြီးတိုင် ရပ်နားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်က အချက် ၁၀ ချက်ပါ အဆိုပြုချက်ကို တင်ထားပြီး အဲဒီအထဲမှာ ပိတ်ဆို့မှုတွေရုပ်သိမ်းဖို့၊ နောင်မတိုက်ဖို့ အာမခံချက်ပေးဖို့၊ အမေရိကန်တပ်တွေ ဒေသတွင်းက ထွက်ခွာဖို့နဲ့ ဟော်မုဇ်ရေလက် ကြား ကိစ္စတွေ ပါဝင်တယ်လို့ သိရပါတယ်။

၂ ပတ်အတွင်းမှာ ဟော်မုဇ်ရေလက်ကြားကို အီရန်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး အီရန်ရဲ့ ထိန်းချုပ်မှု အောက်မှာတင် လုံခြုံစိတ်ချစွာ ဖြတ်သန်းနိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲတွေကိုတော့ သောကြာနေ့မှာ အစ္စလာမ်မာဘတ်မှာ စတင်မှာဖြစ်ပြီး နှစ်ဖက်သဘော တူရင် ရက်ထပ်တိုးဖို့ ရှိပါတယ်။

အီရန်က အမေရိကန်ကို လုံးဝမယုံကြည်ကြောင်း အလေးအနက်ပြောထားပြီး၊ စည်းကမ်းဖောက် ဖျက်ရင် တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ သတိပေးထားပါတယ်။

ဆွေးနွေးပွဲကာလအတွင်းမှာ နိုင်ငံသားတွေ အားလုံး စည်းလုံးညီညွတ်ဖို့လည်း တိုက်တွန်းထားပြီး ဒါဟာ စစ်မြေပြင်က အောင်မြင်မှုတွေကို ဆက်လက်ဖော်ဆောင်တာလို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ၂ ပတ်ကြာ တိုက်ခိုက်မှုတွေ ရပ်နားပေးထားမှာ ဖြစ်ပြီး ဒါဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ဆက်စပ်နေတဲ့ နှစ်ဖက်အပစ်ရပ်စဲမှုတစ်ခုပဲလို့ အတည်ပြုထားပါ တယ်။

ကိုးကား – Anadolu
Ref; Iran confirms talks with US to begin in Pakistan’s capital on Friday amid pause in hostilities