ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲမှာ ကြားဝင်စေ့စပ်ပေးသူတွေရဲ့ ၁၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံလိုက်ပြီးနောက် အီရန်နိုင်ငံအပေါ် ဗုံးကြဲတိုက်ခိုက်မှု တွေကို နှစ်ပတ်ကြာ ရပ်နားထားဖို့ အင်္ဂါနေ့မှာ သဘောတူခဲ့ပါတယ်။

 

ဝါရှင်တန်နဲ့ တီဟီရန်တို့ကြား ကြားဝင်စေ့စပ်ပေးနေပြီး နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲဖို့ ကြိုး ပမ်းနေတဲ့ ပါကစ္စတန်နိုင်ငံမှ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

“ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘာဇ်ရှာရစ်နဲ့ စစ်ဦးစီးချုပ် အာဆင်မူနီယာတို့က ဒီည အီရန်ကို ဗုံးကြဲမယ့်အစီ အစဉ်ကို ခဏဆိုင်းငံ့ပေးဖို့ ကျွန်တော့်ကို တောင်းဆိုပါတယ်။ အီရန်ကသာ ဟော်မုဇ် ရေလက် ကြားကို လုံခြုံစိတ်ချစွာနဲ့ ချက်ချင်း အပြီးအပိုင် ပြန်ဖွင့်ပေးရင် အီရန်အပေါ် ဗုံးကြဲတာတွေ ၂ ပတ်ကြာ ရပ်နားထားဖို့ ကျွန်တော် သဘောတူပါတယ်” လို့ သူက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

An Iranian resident looks out the window of his damaged home after Israeli-American strikes that according to local media reports destroyed the Rafi-Nia Synagogue and nearby residential buildings in Tehran, on April 7 2026. A synagogue in Tehran was “completely destroyed” during Israeli-American strikes early April 7, the Mehr news agency and the daily newspaper Shargh reported on the 39th day of the war against Israel and the United States. (Photo by AFP) /

ယခုပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေးမှာ နှစ်ဖက်စလုံးအတွက် အကျုံးဝင်တဲ့ အပစ်အခတ်ရပ်စဲ ရေးဖြစ်လိမ့်မယ်လို့ ၎င်းက ဆိုပါတယ်။

 

အီရန်က တင်ပြလာတဲ့ အချက် ၁၀ ချက်ပါဝင်သော အဆိုပြုချက်ကို အမေရိကန်က လက်ခံရရှိ ထားပြီး ယင်းအဆိုပြုချက်ဟာ ညှိနှိုင်းမှုတွေပြုလုပ်ဖို့ အလုပ်ဖြစ်နိုင်တဲ့ အခြေခံအချက်တွေဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

 

“ယခင်က သဘောထားကွဲလွဲခဲ့တဲ့ အချက်အများစုကို အမေရိကန်နဲ့ အီရန်တို့ကြား သဘောတူညီ မှု ရရှိထားပြီးဖြစ်လို့ ယခုနှစ်ပတ်အတွင်း အပြီးသတ် သဘောတူညီချက်ကို စာချုပ်ဆိုနိုင်လိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။

 

စစ်ပွဲနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေနဲ့ အချိန်ဇယားတွေကို အပြောင်းအလဲလုပ်လေ့ရှိတဲ့ ဒေါ် နယ်ထရမ့်က ဝါရှင်တန်ရဲ့ ရည်မှန်းချက်တွေဟာ ပြည့်ဝသွားပြီလို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

 

အီရန်စစ်ပွဲဟာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ရာ ကနေ စတင်ခဲ့တာဖြစ်ပါတယ်။

 

တီဟီရန်ဘက်ကလည်း အစ္စရေးနဲ့ အမေရိကန်တပ်စခန်းတွေရှိရာ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန် လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် ကမ္ဘာ့စျေးကွက်တွေ တုန်လှုပ်ချောက်ချားခဲ့ရပြီး ရေနံစျေးနှုန်းတွေ မြင့်တက်ခဲ့ရပါတယ်။

 

ကိုးကား – Reuters
Ref; Trump says he agrees to suspend bombing of Iran for two weeks