ဧရာဝတီတိုင်းမ်
ဧပြီ ၄ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူး နေ့မှာ ရုပ်မြင်သံကြားကနေတစ်ဆင့် ပြည်သူတွေကို ပြောကြားခဲ့ပါတယ်။
“အမေရိကန်စစ်တပ်ရဲ့ ဗျူဟာမြောက် ရည်မှန်းချက်တွေဟာ ပြီးဆုံးခါနီးဖြစ်နေပါပြီ။ နောက်လာ မယ့် နှစ်ပတ်၊ သုံးပတ်အတွင်းမှာ အီရန်ကို အထိနာစေမယ့် တိုက်ခိုက်မှုတွေ ထပ်လုပ်သွားမှာပါ” လို့ သူက ပြောပါတယ်။
အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ကွပ်ကဲမှုစနစ်တွေဟာ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့လည်း ၎င်း က ဆက်ပြောပါတယ်။
“ကျွန်တော်တို့ သူတို့ကို သူတို့ရှိသင့်တဲ့ ကျောက်ခေတ်ကို ပြန်ပို့ပေးလိုက်တော့မှာပါ။ ဒီကြားထဲ မှာလည်း ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ အစိုးရပြောင်းလဲဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက် မ ဟုတ်ပါဘူး။ ကျွန်တော်တို့ ဘယ်တုန်းကမှ အစိုးရပြောင်းဖို့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ အီရန်ရဲ့ မူ လ ခေါင်းဆောင်တွေ အကုန်လုံး သေဆုံးသွားပြီဖြစ်လို့ အစိုးရပြောင်းလဲသွားသလို ဖြစ်နေပါပြီ။ သူတို့ အားလုံး သေကုန်ကြပါပြီ” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
အီရန်ကာကွယ်ရေးဉီးစီးချုပ်က ကျူးကျော်လာမယ့် ရန်သူတွေကို တစ်ယောက်မှ အသက်ရှင်ခွင့် မပေးဘူးလို့ သတိပေးလိုက်ပြီး အမေရိကန်ကို ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားဖို့ ပြော ဆိုလိုက်ပါတယ်။
“တကယ်လို့ ရန်သူက မြေပြင်ကနေ ကျူးကျော်ဖို့ ကြိုးစားလာမယ်ဆိုရင် တစ်ယောက်မှ အသက် ရှင်ကျန်ရစ်မှာ မဟုတ်ဘူး” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကလည်း အမေရိကန်အနေနဲ့ ပိုပြီး ပြင်းထန်၊ ကျယ်ပြန့်ပြီး အ ဖျက်စွမ်းအားကြီးမားတဲ့ တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။
အစ္စရေးစစ်တပ်က သမ္မတဒေါ်နယ်ထရမ့် မိန့်ခွန်းပြောနေတဲ့ အချိန်ဝန်းကျင်မှာ အီရန်က ပစ်ခတ် လိုက်တဲ့ ဒုံးကျည်လှိုင်း လေးကြိမ်ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ပြောပါတယ်။
တဲလ်အဗီးမြို့အနီးမှာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အီရန်ဘက်က ပဒေသာဗုံးတွေ အသုံးပြုခဲ့ပုံရ တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြကြပါတယ်။
အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ရာမှာ ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံ တီဟီရန်မြို့မှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) စခန်းတွေနဲ့ တာဝေးပစ်ဒုံးကျည် သိုလှောင် ရုံတွေကို အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; Trump threatens ‘extremely hard’ strikes on Iran in coming weeks