ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ စစ်ရေးပဋိပက္ခမှာ မဟာမိတ်တွေနဲ့ သဘောထား ကွဲလွဲပြီးနောက် နေတိုးအဖွဲ့ကနေ အမေရိကန် နှုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ The Telegraph နဲ့ အင် တာဗျူးမှာ ပြောပါတယ်။
အီရန်နဲ့စစ်ပွဲမှာ နေတိုးအဖွဲ့ဝင်နိုင်ငံ တချို့က ဝိုင်းဝန်းကူညီဖို့ ငြင်းဆန်ခဲ့ကြလို့ အခုလို နေတိုးအ ဖွဲ့ကနေ ထွက်ဖို့ကိစ္စဟာ ပြန်စဉ်းစားနေစရာတောင် မလိုတော့ဘူးလို့ သူက ဆိုပါတယ်။
“ဟုတ်တယ်၊ ဒါက ထပ်စဉ်းစားနေဖို့ မလိုတော့တဲ့ ကိစ္စပဲ” လို့ ဒေါ်နယ်ထရမ့်က အင်တာဗျူးမှာ အတည်ပြုခဲ့တာပါ။
နေတိုးအဖွဲ့ကို ဘယ်တုန်းကမှ အထင်မကြီးခဲ့ကြောင်းနဲ့ နေတိုးဆိုတာ စက္ကူကျားသက်သက်ပဲဆို တာ သူရော ရုရှားသမ္မတ ဗလာဒီမာပူတင်ရော သိထားပြီးသားလို့ ၎င်းက ခပ်ပြတ်ပြတ် ဝေဖန်လိုက်ပါ တယ်။
ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ဟာ သူ သမ္မတတာဝန်ယူစဉ်ကတည်းက ခဏခဏ ပြောလေ့ရှိ တဲ့ နေတိုးအဖွဲ့မှ နှုတ်ထွက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်ထိ အပြတ်သားဆုံး ထွက်ပေါ်လာတဲ့ မှတ် ချက်ပဲ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးကိစ္စတွေမှာ ဝါရှင်တန်နဲ့ ဥရောပနိုင်ငံတွေကြား သဘောထားကွဲလွဲမှု တွေ ရှိနေပြီး အထူးသဖြင့် ဟော်မုဇ်ရေလက်ကြား စစ်ဆင်ရေးတွေမှာ ဗြိတိန်အပါအဝင် မဟာမိတ်တွေက ပါဝင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အီရန်စစ်ပွဲ ပြီးတာနဲ့ နေတိုးနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်မယ်လို့ ဆိုပြီး မဟာမိတ်တွေက အမေရိကန်ကို အခြေစိုက်စခန်းတွေနဲ့ လေကြောင်းပိုင်နက် သုံးခွင့်မပေးရင် ဒါဟာ တစ်ဖက်သတ် အမြတ်ထုတ်နေတာလားလို့ မေးခွန်းထုတ်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ဗြိတိန်အနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတိအ လင်း ပြောကြားခဲ့ပြီး ဟော်မုဇ်ရေလက်ကြားက သင်္ဘောလမ်းကြောင်းတွေ ဘေးကင်းဖို့အတွက် နိုင်ငံတ ကာနဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပဲ ကျွန်တော် လုပ်ရမှာပါ” လို့ လန်ဒန်က သတင်းစာရှင်း လင်းပွဲမှာ သူက ပြောပါတယ်။ စစ်ရေးထက်စာရင် သံတမန်နည်းလမ်းနဲ့ပဲ တင်းမာမှုတွေကို လျှော့ချပြီး အဓိက စွမ်းအင်လမ်းကြောင်းတွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ၎င်းက ဆိုပါတယ်။
အီရန်သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်က နောက်ထပ် စစ်မပွားတော့ဘူးဆိုတဲ့ အာမခံချက်သာရ ရင် ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အီရန်အစိုးရဘက်က “ခိုင်မာတဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲမှာ အမေရိကန် ပါဝင်ပတ်သက်နေတာတွေဟာ နောက်ထပ် သီတင်းပတ် အနည်းငယ်အတွင်းမှာတင် ပြီးဆုံးသွားနိုင်တယ်လို့ အရိပ်အမြွက် ပြောပါတယ်။
ကိုးကား – Helsinki Times
Ref; Trump says US considering NATO exit in The Telegraph interview