
ပုသိမ်ထောင်မှာ နိုင်ငံရေးအကျဥ်းသားများကို အမှုဖြေလျှော့ပေးမည်ဆိုပြီး သိန်း ၅၀ မှ ၃၀၀ အထိ တောင်းနေ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာမတရားဖမ်းဆီးခံထားရပြီး တရားစွဲဆိုခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားများကို အမှုများ ဖြေလျှော့ပေးမည်ဟုဆိုကာ ငွေကျပ် သိန်း ၅၀ မှ ကျပ် သိန်း ၃၀၀ အထိတောင်းယူနေတယ်လို့ မိသားစု၀င်တွေဆီကနေသိရပါတယ်။
ပြစ်မှုဖြေလျှော့စိစစ်ရေးကော်မတီမှာ ရဲတပ်ဖွဲ့ ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊ အထွေထွေအုပ်ချုပ်ရေး၊ တရားသူကြီးတချို့ ပါဝင်နေသည်ဟုသိရပြီး ပုဒ်မအကြီး၊ အသေးပေါ်မူတည်ပြီး ငွေကြေးတောင်းယူနေတာဖြစ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ ငွေပေးပြီးအမှုမှ လွတ်မြောက်လာသူ အမျိုးသား ၇ ဦးနဲ့အမျိုးသမီး ၃ ဦးရှိနေပြီလို့ နိုင်ငံရေးအကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
#တစ်မိနစ်ရုပ်သံ
#Ayeyarwaddy_Times