
ဆိုင်ကယ်စီးလာသည့် စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးနှင့်စစ်ကောင်စီတပ်သားတဦး သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံး( ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့ လောင်းကစားဝိုင်းမှ
ဆိုင်ကယ်စီးပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကို MGN Tiger နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သေနတ်နဲ့ အနီးကပ် သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း MGN Tiger တပ်ဖွဲ့ကယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတဦးကို ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်က ဆားကျူးရွာနှင့်ကုလားတယ်ရွာအကြားတွင် ဗိုလ်ကြီးအောင်ကိုကို နှင့်တပ်သားတစ်ဦးကို MGN Tiger၊ နောင်ရိုး PDF၊ Zar Ma Ni PDF နှင့် Bagan Nyaung Oo PDF မဟာမိတ် တို့ပူးပေါင်းရှင်းလင်းခဲ့တာ လို့ သတင်းထုတ်ပြန်သည်။
ဒါ့ပြင် အဆိုပါတိုက်ခိုက်မှုအပြီးတွင် MA5 MK2 သေနတ်တစ်လက်၊ကျည် ၇ တောင့် ၊ ဖုန်းနှစ်လုံး နှင့် ငွေသုံးသိန်း သိမ်းဆည်းရမိခဲ့တယ် လို့ MGN Tiger တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရုပ်သံ-MGN Tiger
#Ayeyarwaddy_Times