ဘီးလင်း ခလရ ၈ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး စစ်ကောင်စီလုပ်ရပ်တွေကို မကြိုက်လို့ဆိုကာ ကော်ဘရာစစ်ကြောင်းထံ CDM ပြုလုပ် ပူးပေါင်း

အောင်မြသန်း /ဧရာဝတီတိုင်းမ်

(မြဝတီ) ၊စက်တင်ဘာလ ၁၁ ရက်

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ လေးကေ့ကော်ဒေသမှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ တပ်မ ၄၄ လက်အောက်ခံ မွန်ပြည်နယ်၊ ဘီးလင်းမြို့ အခြေစိုက် ခလရ (၈) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး စက်တင်ဘာလ ၉ ရက်နေ့က ကော်ဘရာစစ်ကြောင်းထံ CDM ပြုလုပ်ပူးပေါင်းလာကြောင်း တော်လှန် ရေးအင်အားစုများထံကသိရသည်။

CDM ပြုလုပ်ပူးပေါင်းလာသူ ၂ ဦးဟာ ခလရ ၈ တပ်မှ စစ်မှုထမ်းသက် ၁၁ နှစ် တပ်သား ဇော်ထွဋ် နှင့် စစ်မှုထမ်းသက် ၈ နှစ် စိုးအောင်(ခ) ကိုငယ်တို့ဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့လက်ရှိလုပ်ရပ်တွေကို မကြိုက် တော့သဖြင့် ယခုလို CDM ပြုလုပ်ပူးပေါင်းလာခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

”စစ်တပ်တွေရဲ့ရက်စက်ကြမ်းကြုတ်မှု့တွေကို မလိုလားလို့ ပြည်သူ့ရင်ခွင်ကို ခုံလုံလာတာပါ။ CDM လုပ်ချင်တာတော့ ကြာပြီဗျ အခွင့်လမ်းမရလို့ အချိန်တွေအရမ်းကြာခဲ့ရတာ။ စစ်တပ်က သူပုန် ဖြစ်နေ ပြီ။ စစ်တပ်ထဲဝင်တာ ၂၀၁၄ ခုနှစ်ကပေါ့။ ကရင်ပြည်နယ်ကိုပဲ တာဝန်ကျတာလေ စစ်တပ်ရဲယုတ်မာမှု့ ရက်စက်မှု့ပေါင်းစုံကို တွေ့မြင်လာရပြီး

စစ်သားလုပ်ရတာရှက်လာပြီ။ ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့ အပြစ်မဲ့ပြည်သူတွေကိုလူမဆန်စွာသတ်ဖြတ်နေတာတွေကို မကြည့်နိုင်တော့လို့ထွက်လာတာ။ ကူညီ ပေးခဲ့တဲ့ ကော်ဘရာစစ်ကြောင်းကိုလည်း ကျေးဇူးတင်ပါတယ်”ဟု CDM ဝင်ရောက်လာသူ နှစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် ၎င်းတို့ ၂ ဦးအား ကော်ဘရာစစ်ကြောင်းမှ လွတ်မြောက်ရာနယ်မြေသို့ပို့ဆောင်ထားပြီး နေ ထိုင်စားသောက်မှုအဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးနေကြောင်းသိရသည်။

တပ်မ ၄၄ နှင့်လက်အောက်ခံတပ်ရင်းများ သည် ကရင် ပြည်နယ် တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်မဖြစ်ပြီး ပြီးခဲ့သည် ၂ လအတွင်း တပ်မ ၄၄ လက်အောက်မှ မုတ္တမ အခြေစိုက် ခမရ ၁၀၂ ၊ ကျိုက်ထိုအခြေစိုက် ခမရ ၂ ၊ သထုံအခြေစိုက် ခမရ ၁ နှင့် သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း

ကော်ဘရာစစ်ကြောင်းထံပူး ပေါင်းလာခဲ့ကြောင်း သိရသည်။

#AyeyarwaddyTimes