ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်
ရုရှားနိုင်ငံမှ An-26 စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းဟာ ခရိုင်းမီးယားဒေသ ရှိ ကမ်းပါးယံတစ်ခုကို တိုက်မိပြီး ပျက်ကျသွားတာကြောင့် လေယာဉ်ပေါ်ပါလာသူ ၂၉ ဦးစလုံး သေဆုံး သွားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လေယာဉ်ပျက်ကျတဲ့နေရာကို ခရိုင်းမီးယားကျွန်းဆွယ်မှာ ရှာဖွေတွေ့ရှိထားတယ်လို့ TASS သ တင်းဌာနက ဆိုပါတယ်။
အဲဒီဒေသဟာ ပင်လယ်နက်ထဲကို ထိုးထွက်နေတဲ့ ကျွန်းဆွယ်တစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ယူက ရိန်းနိုင်ငံဆီကနေ ရုရှားက သိမ်းယူထားတာလည်း ဖြစ်ပါတယ်။
လေယာဉ်ပျက်ကျမှုအတွင်းမှာ ခရီးသည် ၂၃ ဦးနဲ့ လေယာဉ်အဖွဲ့သား ၆ ဦး၊ စုစုပေါင်း ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ လေယာဉ်ပေါ်မှာ လူဘယ်နှစ်ယောက် ပါလာသလဲဆိုတာ ကို အတိအကျ ထည့်သွင်းပြောဆိုခြင်းမရှိပေမဲ့ အသက်ရှင်ကျန်ရစ်သူ ရှိတယ်ဆိုတာကိုလည်း တစ်စုံတစ် ရာ ဖော်ပြထားခြင်း မရှိပါဘူး။
“အစောပိုင်းက အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ AN-26 လေယာဉ်ဟာ ကမ်းပါးယံတစ်ခု ကို တိုက်မိပြီး ပျက်ကျသွားခဲ့တာဖြစ်ကြောင်း လေယာဉ်ပျက်ကျတဲ့နေရာကနေ သတင်းရရှိပါတယ်” လို့ TASS သတင်းဌာနက ဖော်ပြထားပါတယ်။
RIA သတင်းဌာနကတော့ ကနဦး သုံးသပ်ချက်တွေအရ အခုလေယာဉ်ပျက်ကျမှုဟာ စက်ပိုင်းဆိုင် ရာ ချို့ယွင်းမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရကြောင်း ပြောဆိုထားပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုံးပိတ်ချိန်ပြင်ပဖြစ်နေတာကြောင့် အခုဖြစ်စဉ်နဲ့ ပတ် သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ကိုးကား – Reuters
Ref; Russian military transport plane crashes in Crimea, 29 killed, defence ministry says