ဧရာဝတီတိုင်းမ်
ဧပြီ ၁ ရက်

မြန်မာစစ်တပ်နဲ့ KNU ကြား တစ်နေကုန် တိုက်ပွဲအတော်ပြင်းခဲ့လို့ ထိုင်းဘက်ခြမ်းက အိမ် ၉ လုံး ကျည်ထိမှန်ပြီး လူ ၄ ယောက် ဒဏ်ရာရသွားပါတယ်။

ထိုင်းစစ်တပ်ဘက်ကလည်း လက်နက်ကြီး ၄ ချက် ပြန်ပစ်ပြီး သတိပေးခဲ့သလို နယ်စပ်ကော်မတီ (TBC) ဆီကိုလည်း ကန့်ကွက်လွှာ ပို့ထားပါတယ်။

၂၀၂၆ မတ်လ ၃၁ ရက် ညနေပိုင်း သတင်းတွေအရ မြဝတီမြို့နယ် မင်းလက်ပံရွာနားက မြန်မာစစ် တပ် (တပ်မ ၂၂) နဲ့ KNU တိုက်ပွဲဟာ ထိုင်းဘက်က မဲဆောက်မြို့နယ်ထဲက ရွာတွေနဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်နေပြီး တစ်နေကုန် ပစ်ခတ်မှုတွေကြောင့် ထိုင်းဘက်က အိမ်တွေ ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာရသူ ၄ ယောက်ထဲမှာ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

မဲဆောက်၊ မဟာဝန်ကျေးရွာအုပ်ချုပ်ရေးမှူး ပြောပြချက်အရ တိုက်ပွဲက ၂၄ နာရီပတ်လုံး ဖြစ်နေ တာမို့ သောင်ရင်းမြစ်နားက ရွာသားတွေ တိုက်ရိုက် ထိခိုက်နေတာကြောင့် အန္တရာယ်ရှိတဲ့နေရာက လူ တွေကို ဘေးကင်းအောင် ဆွေမျိုးတွေအိမ်ဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားရပါတယ်။

အခြေအနေက စိုးရိမ်ရတာမို့ ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ထိုင်းနယ်ခြားစောင့်ရဲတို့ ပူးပေါင်းပြီး ကင်းလှည့်နေကြပါတယ်။ အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာအမှတ် ၄ နဲ့ ၉ က အန္တရာယ်အရှိဆုံး ဖြစ်နေတာပါ။

မွန်းလွဲပိုင်းမှာ သတင်းထောက်တွေ မယ်ကွန်ကင်ရွာကို ရောက်သွားတဲ့အခါ တိုက်ပွဲတွေက ဆက် ဖြစ်နေတုန်းပဲလို့ သိရပြီး စက်သေနတ်သံတွေရော၊ ၈၁ မမ မော်တာကျည်သံတွေပါ တစ်ချက်တစ်ချက် ကြားနေရတာပါ။

ညနေ ၃ နာရီ ၂၁ မိနစ်လောက်မှာ ၈၁ မမ မော်တာကျည်တစ်လုံးဟာ သောင်ရင်းမြစ်နဲ့ မီတာ ၂၀၀ အကွာက ထိုင်းဘက်ခြမ်းကို ကျရောက်ခဲ့လို့ ထိုင်းမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ၄ ယောက် ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရတဲ့သူတွေကို ရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်ရဲတွေ ပူးပေါင်းပြီး တိုက်နယ်ဆေးရုံကို အရင်ပို့ပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အရေးပေါ်ကုသမှု ခံယူနိုင်ဖို့အတွက် မဲဆောက်ဆေးရုံကြီးကို ချက်ချင်း ထပ်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြပါတယ်။

အထူးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဆေနာကန် ဆိုင်ဆွန်က ကျည်ကျခဲ့တဲ့ မဲဆောက်၊ မဟာဝန်ကျေးရွာ အုပ်စုက ရွာအမှတ် (၉) ကို ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့ပြီး ထိုင်းဘက်ကို ကျည်တွေထပ်မကျအောင် ၁၂၀ မမ မော်တာကျည် ၄ ချက်နဲ့ ပြန်လည်ပစ်ခတ် သတိပေးခဲ့တယ်လို့ ပြောပါတယ်။

ဒီပဋိပက္ခဟာ အိမ်နီးချင်းနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်ပေမဲ့ ထိုင်းအရပ်သားတွေ မထိခိုက် အောင် တိုက်ပွဲနယ်မြေကို ထိုင်းနယ်စပ်နဲ့ ဝေးရာကိုရွှေ့ပေးဖို့ မြန်မာဘက်က TBC ကော်မတီကို အ ကြောင်းကြားထားတယ်လို့ ဆိုပါတယ်။

ကိုးကား – THAIRATH
Ref; Fierce Fighting on Tak Border: Unidentified Machine Gun Bullets Land on Thai Homes, Four Injured in Chaos