ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
အမေရိကန်စစ်တပ် အမှတ် ၈၂ လေထီးတပ်မမှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာဟာ အရှေ့အ လယ်ပိုင်းဒေသကို ရောက်ရှိနေပြီလို့ အမေရိကန်အရာရှိနှစ်ဦးက Reuters သတင်းဌာနကို ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲမှာ နောက်ထပ် ဘာတွေဆက်လုပ်မလဲဆို တာကို စဉ်းစားဆုံးဖြတ်နေချိန်မှာ အခုလို တပ်ဖွဲ့ဝင်တွေ စေလွှတ်လိုက်တာပါ။
မတ်လ ၁၈ ရက်နေ့က အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းသို့ စစ်ကူတွေ ထပ်ပို့ဖို့ စဉ်းစား နေတယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ အခုလို တပ်အင်အား တိုးချဲ့လိုက်တာကြောင့် အမေရိကန်က လို အပ်လာရင် အီရန်နိုင်ငံတွင်းအထိ ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးရွေးချယ်ခွင့်တွေ ပိုရလာမှာဖြစ်ပါ တယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ Fort Bragg အခြေစိုက် လေထီးတပ်သားတွေဟာ အရှေ့အ လယ်ပိုင်းကို ရောက်နှင့်နေတဲ့ ရေတပ်သားတွေ၊ မရိန်းတပ်ဖွဲ့ဝင်တွေ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် ထောင် ပေါင်းများစွာနဲ့ ပူးပေါင်းသွားမှာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မရိန်းတပ်ဖွဲ့ဝင် အင်အား ၂,၅၀၀ ခန့်ဟာ အရှေ့အလယ်ပိုင်းဒေသကို ရောက်ရှိသွားပြီဖြစ်ပါတယ်။
အီရန်နိုင်ငံထဲကို တပ်တွေဝင်ဖို့ အခုထိတော့ ဆုံးဖြတ်ထားတာ မရှိသေးပေမဲ့ အဲဒီဒေသမှာ စစ် ရေးအရ လိုအပ်လာရင် ချက်ချင်းတိုက်ခိုက်နိုင်စွမ်းရှိနေအောင် အခုလို ကြိုတင်ပြီး အင်အားဖြည့်တင်း ထားတာလို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေကို အီရန်နဲ့စစ်ပွဲရဲ့ နေရာတော်တော်များများမှာ အသုံးချနိုင်ပါတယ်။ အဓိကကတော့ အီရန်ရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတဲ့ Kharg ကျွန်းကို သိမ်း ပိုက်ဖို့ ကြိုးစားတဲ့နေရာမှာ သုံးဖို့ ရှိနေတာပါ။
ဒီလအစောပိုင်းက ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့အတွင်းမှာ ဒီကျွန်းကို စီးနင်းသိမ်းပိုက်ဖို့ကိစ္စ ဆွေး နွေးခဲ့ကြပေမဲ့ အီရန်ကလည်း ဒီကျွန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လှမ်းပစ်နိုင်တဲ့အတွက် ဒီလိုစစ်ဆင် ရေးမျိုးဟာ အလွန်ပဲ အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အမေရိကန် မြေပြင်တပ်ဖွဲ့တွေကို အကန့်အသတ်နဲ့ အသုံးပြုပါက ဒေါ်နယ်ထရမ့်အတွက် နိုင်ငံ ရေးအရ အကြီးအကျယ် စွန့်စားရသလို ဖြစ်ပါလိမ့်မယ်။ အမေရိကန်လူထုက အီရန်နဲ့စစ်ဖြစ်တာကို သိပ် ပြီး အားမပေးသလို ဒေါ်နယ်ထရမ့်ကလည်း ရွေးကောက်ပွဲမတိုင်ခင် အရှေ့အလယ်ပိုင်း ပဋိပက္ခသစ်တွေ ထဲမှာ အမေရိကန်ကို ပါဝင်ပတ်သက်အောင် မလုပ်ဘူးလို့ ကတိပေးထားခဲ့လို့ပါ။
ဖေဖော်ဝါရီ ၂၈ ရက်ကနေ လက်ရှိအထိ အမေရိကန်ဟာ ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကျော်ကို တိုက် ခိုက်ခဲ့ပြီးပါပြီ။ “Operation Epic Fury” လို့ အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးအတွင်းမှာ အမေရိကန်တပ် ဖွဲ့ဝင် ၃၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၃ ဦး သေဆုံးခဲ့ပါတယ်။
ကိုးကား – Aljazeera
Ref; US army deploys thousands of paratroopers to Middle East amid Trump plan to secure Hormuz, Kharg