ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်
စစ်ကော်မရှင်က ကျင်းပသည့် အတုအယောင်ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော လွှတ်တော် အစည်းအဝေးများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဦးညိုစောကို နိုင်ငံတော် ဒုတိယသမ္မတအဖြစ် ယနေ့ မတ်လ ၃၁ ရက် တွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
ဦးညိုစောသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တပ်နယ်မြေဖြစ်သည့် ကိုကိုးကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အရပ်သားအသွင်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူ ဖြစ်သည်။

ယနေ့ ရွေးချယ်မှုတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏လူယုံတော် ဦးညိုစောတို့ ဒုတိယသမ္မတများ ဖြစ်လာမည်ဆိုသည့် သတင်းများ ကြိုတင်ထွက်ပေါ်ခဲ့သည့်အတိုင်း ဖြစ်လာခဲ့ ခြင်းဖြစ်သည်။
ဦးညိုစောသည် စစ်ကော်မရှင်၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် အရေးပါသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူဖြစ်သည့်ပြင် လက်ရှိစစ်ကော်မရှင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ယခုအခါ စစ်ခေါင်းဆောင်၏ စိတ်ကြိုက်စီစဉ်မှုဖြင့် ဒုတိယသမ္မတ ရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီ၏ ရွေးတုလွှတ်တော်အတွက် ဒုတိယသမ္မတ သုံး ဦးအဖြစ် မင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနှင့် ဦးညိုစောတို့ကို အတည်ပြုထားပြီး ဖြစ်သည်။