ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရတ်ချီက ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေ ကို နှင်ထုတ်ဖို့ တိုက်တွန်းခဲ့ပြီး အီရန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေဟာ ရန်သူတွေကိုပဲ ပစ်မှတ်ထားတာ လို့ ပြောပါတယ်။

အဘတ်စ်အရတ်ချီက သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာမှာ “အီရန်ဟာ ဆော်ဒီအာရေဗျနိုင်ငံကို လေးစားသလို ညီအစ်ကိုရင်းချာ နိုင်ငံတစ်ခုလို့လည်း သတ်မှတ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူက “အီရန်ရဲ့ စစ်ဆင်ရေးတွေဟာ အာရပ်တွေရော၊ အီရန်သားတွေကိုပါ မလေးစားတဲ့အပြင် ဘယ်လိုလုံခြုံရေးမှလည်း မပေးနိုင်တဲ့ ရန်သူ့ကျူးကျော်သူတွေကိုပဲ ပစ်မှတ်ထားတာပါ။ သူတို့ရဲ့ လေ ကြောင်းကွပ်ကဲမှုဌာနကို ကျွန်တော်တို့ ဘာလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါဦး။ အခုအချိန်ဟာ အမေရိ ကန်တပ်တွေကို နှင်ထုတ်ဖို့ အချိန်ကောင်းပါပဲ” လို့ ဆက်ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလိုပြောဆိုချက်တွေဟာ ဆော်ဒီအာရေဗျမှာရှိတဲ့ အမေရိကန်စစ် အခြေစိုက်စခန်းကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန်ရဲ့ ကြိုတင်သတိပေးနဲ့ ထိန်းချုပ်ရေးစနစ်ပါတဲ့ (E-3 Sentry) ထောက်လှမ်းရေးလေယာဉ်တစ်စီး ပျက်စီးသွားခဲ့ပါတယ်။

ရီယာဒ်မြို့ အရှေ့တောင်ဘက် ၁၂၈ ကီလိုမီတာအကွာမှာရှိတဲ့ Prince Sultan လေတပ်အခြေ စိုက်စခန်းက ဓာတ်ပုံမှတ်တမ်းတွေအရ အဲဒီ E-3 Sentry ဂျက်လေယာဉ်ရဲ့ နောက်ပိုင်းတစ်ခုလုံးနီးပါး ပျက်စီးသွားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည်အချို့ ဒဏ်ရာရရှိ ခဲ့သလို၊ လေယာဉ်တစ်စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အမေရိကန်အရာရှိတွေက အတည်ပြုခဲ့ပါ တယ်။

ကိုးကား – TRT World
Ref; Iran says ‘high time’ for Saudi Arabia to expel US forces from its territory