ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
နွေရာသီပိုမိုပူပြင်းလာရာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ ယနေ့ မတ် ၃၀ ရက်နေ့တွင် အမြင့်ဆုံးအပူချိန်အဖြစ် ၄၀ ဒီကရီဆဲလ်စီးယပ်ဖြစ်ပေါ်နေကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင် ဟင်္သာတမြို့၏ အပူချိန်မြင့်တက်ရာ၌ မတ် ၃၀ ရက်တွင် ၄၀ ဒီကရီဆဲလ်စီးယပ်၊ မတ် ၂၉ ရက်တွင် ၃၉ ဒီကရီဆဲလ်စီးယပ်၊ မတ် ၂၈ ရက်တွင် ၃၈ ဒီကရီဆဲလ်စီးယပ်၊ မတ် ၂၇ ရက်တွင် ၃၈ ဒီကရီဆဲလ်စီးယပ်ဖြင့် တဖြည်းဖြည်းအပူချိန် တစ်ဒီကရီဆဲလ်စီးယပ် မြင့်တက်လာခြင်း ဖြစ်ကြောင်း မိုး/ဇလထုတ်ပြန်ချက်အရ သိရသည်။

လာမည့်ဧပြီလအတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များတွင် ဧပြီလ၏ပျှမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီကရီဆဲလ်စီးယပ် ပိုပူလာမည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ဟင်္သာတမြို့ ဧပြီလ၏ပျှမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၉ ဒီကရီဆဲလ်စီးယပ်ရှိကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဓာတ်ပုံ – မိုး/ ဇလ