ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

 

ထိုင်းနိုင်ငံ၊ ချင်းမိုင်ဒေသတွင် တောမီးလောင်ကျွမ်းမှု နှင့် တောင်ယာမီးရှို့မှုများကြောင့် ချင်းမိုင်မြို့မှာယနေ့ မတ် ၃၀ ရက်နေ့တွင့် ကမ္ဘာ့လေထုညစ်ညစ်မှုအများဆုံးအဆင့်သို့ ရောက်ရှိလာကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။

 

လေထုညစ်ညမ်းရခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးရှို့မှုများကြောင့်ဖြစ်ပြီး တောင်ယာမီးရှို့မှုများ၊ တောမီးများကြောင့်ဖြစ်ပြီး ချင်းမိုင်ခရိုင်တစ်ခုတည်းတွင်ပင် မီးလောင်သည့်နေရာပေါင်း(Hotspots) ၄၈၀ အထိ ရှိနေကြောင်း သိရသည်။

လေထုအရည်အသွေး တိုင်းတာသည့် IQAir ၏ ထုတ်ပြန်ချက်အရ မတ် ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ချင်းမိုင်မြို့၏ လေထုညစ်ညမ်းမှုညွှန်းကိန်း(AQI) မှာ ၂၆၃ အထိ ရှိနေပြီး PM 2.5 အမှုန်အမွှား ပမာဏမှာ တစ်ကုဗမီတာလျှင် ၁၈၈.၀ မိုက်ခရိုဂရမ်အထိ ရှိနေသည့်အတွက် ကျန်းမာရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သိရသည်။

 

ပထဝီဝင်သတင်းအချက်အလက်နှင့် အာကာသနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(GISTDA) ၏ သတင်းအချက်အလက်များအရ ထိုင်းနိုင်ငံမှာ အာဆီယံဒေသတွင်း မီးလောင်ကျွမ်းမှုနေရာပေါင်း ၄၃၂၇ ခုအထိ အလျင်အမြန်တိုးပွါးလာကြောင်းလည်း သိရသည်။

ဒေသတွင်း မီးလောင်ကျွမ်းမှုအများဆုံးဖြစ်သည့် မြန်မာနိုင်ငံသည် နေရာပေါင်း ၆၈၆၃ ဖြင့် ထိပ်ဆုံးတွင်ရောက်ရှိပြီး လာအိုက မီးလောင်ပြင် ၃၀၄၆ ဖြင့်ဒုတိယရှိနေကာ နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့များကြောင့်လည်း လေထုညစ်ညမ်းနေကြောင်း ထိုင်းဘက်ခြမ်းကပြောဆိုလျက်ရှိသည်။

 

လက်ရှိတွင် ချင်းမိုင်၊ မယ်ဟောင်ဆောင် စသည့်ခရိုင် သုံး ခုတွင် လေထုညစ်ညမ်းမှု ပြင်းထန်နေသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးအခြေအနေကို သတိထားကြရန် ထိုင်းအစိုးရကသတိပေးထားသည်။

 

ကိုးကား – Bangkok Post