ဧရာဝတီတိုင်းမ်
မတ်လ ၃၀ ရက်
အီရန်အဆင့်မြင့်အရာရှိတစ်ဦးက အမေရိကန်အနေနဲ့ မြေပြင်ထိုးစစ် မဆင်ဖို့ သတိပေးလိုက်ပြီး ကျူးကျော်လာတဲ့ အမေရိကန်စစ်သည်တွေဟာ မီးဟုန်းဟုန်းတောက်လောင်ပြီး သေကျေပျက်စီးရလိမ့် မယ်လို့ ဆိုပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာဂါကာလီဘတ်ဖ်က အမေရိကန်တပ်ဖွဲ့တွေ မြေပြင်ဆင်း လာမှာကို အီရန်တပ်တွေက စောင့်ဆိုင်းနေပြီး ကျူးကျော်သူတွေနဲ့ သူတို့ရဲ့ ဒေသတွင်း မဟာမိတ်တွေကို ထာဝရ အပြစ်ပေးသွားမယ်လို့ အီရန်နိုင်ငံပိုင် မီဒီယာတွေကတစ်ဆင့် ပြောကြားခဲ့ပါတယ်။
အမေရိကန် မရိန်းတပ်သား ၂,၅၀၀ ခန့် အနောက်အာရှသို့ ရောက်ရှိလာတာ မြေပြင်ဆင်းဖို့ လေ့ ကျင့်တာဖြစ်ပြီး အခုဆွေးနွေးပွဲတွေဟာ အကာအကွယ်တစ်ခုသာဖြစ်တယ်လို့ သူက ပယ်ချခဲ့ပါတယ်။
ဒီစစ်ပွဲကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ မြေဩဇာ တင်ပို့မှုတွေအပြင် လေ ကြောင်းခရီးစဉ်တွေပါ ထိခိုက်လာပါတယ်။ မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်း ချုပ်ထားနိုင်တာကြောင့် ကမ္ဘာ့ဈေးကွက်နဲ့ ကုန်ဈေးနှုန်းတွေ လှုပ်ခတ်နေပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်တွေပါ စစ်ပွဲထဲ ပါဝင်လာတာကြောင့် ပင်လယ်နီကို သွားတဲ့ ဘပ်အယ်လ်မန်ဒက်ရေလက်ကြားက သင်္ဘောလိုင်းတွေအတွက်ပါ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ် လာနေပါတယ်။
အီရန် အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုတာဘ်ခါမေနီက ကျူးကျော်မှုတွေကို ရင်ဆိုင်ရာ မှာ အီရတ်ပြည်သူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေက အီရန်ဘက်က ရပ်တည်ပေးတဲ့အတွက် ကျေး ဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။
ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့မှာ ဆော်ဒီအာရေးဗီးယား၊ တူရကီနဲ့ အီဂျစ် နိုင်ငံခြားရေးဝန် ကြီးတွေ တွေ့ဆုံနေကြတယ်လို့ ပါကစ္စတန်အစိုးရက ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ ပါဝင်ခြင်းမရှိတဲ့ ဒီတွေ့ဆုံပွဲဟာ အမေရိကန်ဘက်က အီရန်ကို ငြိမ်းချမ်း ရေးအတွက် အချက် ၁၅ ချက်ပါတဲ့ မူဘောင်တစ်ခု ကမ်းလှမ်းပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါ တယ်။
ကိုးကား – AP
Ref; US troops would be set ‘on fire’: Iran warns against ground invasion as talks start in Pak