ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ ရေနံတွေကို သိမ်းယူဖို့ ပိုပြီးဆန္ဒရှိနေတယ်လို့ Financial Times နဲ့ အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ရေနံကဏ္ဍကို အမေရိကန်က အကန့်အသတ်မရှိ ထိန်းချုပ်ဖို့ ကြိုးစားနေသလို မျိုး အီရန်မှာလည်း အလားတူ လုပ်ဆောင်ချင်တာဖြစ်ကြောင်း သူက ဆိုပါတယ်။
အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်းကို အမေရိကန်က သိမ်းယူဖို့ အခွင့်အ လမ်းတွေ အများကြီးရှိနေပြီး၊ ဒီလိုလုပ်ဆောင်ဖို့ဆိုရင် အမေရိကန်တပ်ဖွဲ့တွေ အဲဒီမှာ အတော်ကြာကြာ ရှိနေဖို့ လိုအပ်မယ်လို့လည်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာချိန်မှာတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အ ပေါ် စစ်ဆင်ရေးတွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းဟာ တစ်လအတွင်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာ ပြီး ရေနံတစ်စည်ကို ၁၁၆ ဒေါ်လာအထက်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ မြေပြင်စစ်ဆင်ရေးအတွက် စစ်သည်အင်အား ၁၀,၀၀၀ ကို စေလွှတ်ဖို့ အမိန့်ပေးထားပြီး အခုဆိုရင် ကမ်းတက်တပ်ဖွဲ့ဝင် ၂,၂၀၀ အပါအဝင် စစ်သည် ၃,၅၀၀ ခန့်ဟာ ဒေသတွင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အီရန်ရဲ့ အဓိကရေနံအခြေစိုက်ရာ ခါ့ဂ်ကျွန်းကို တိုက်ခိုက်မယ်ဆိုရင် အမေရိကန်စစ်သည်တွေအ တွက် အန္တရာယ်များနိုင်သလို စစ်ပွဲလည်း ပိုရှည်ကြာသွားနိုင်တယ်လို့ တာဝန်ရှိသူတွေက သတိပေးထား ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဆော်ဒီအာရေးဗီးယားက လေတပ်စခန်းတစ်ခု တိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သည် ၁၂ ဦး ဒဏ်ရာရခဲ့ပြီး ဒေါ်လာ သန်း ၂၇၀ တန် ထောက်လှမ်းရေးလေယာဉ်တစ်စီး ပျက်စီးသွားခဲ့ပါတယ်။
ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်တွေကလည်း အစ္စရေးနိုင်ငံဘက်ကို ဘလက်စတစ်ဒုံးကျည် တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပါကစ္စတန်နိုင်ငံကတစ်ဆင့် အီရန်နဲ့ သွယ်ဝိုက်ဆွေးနွေးမှုတွေဟာ တိုးတက်မှုရှိနေပြီး ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို မကြာခင်မှာ ရရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါ တယ်။
အီရန်ကလည်း ပါကစ္စတန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘော အစီး ၂၀ ကို ဟော်မုဇ်ရေလက် ကြားကနေ ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ဟောင်း အလီခါမေနီ အပါအဝင် လူပေါင်း ၁,၃၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ် ပါတယ်။
အီရန်ကလည်း အစ္စရေး၊ ဂျော်ဒန်၊ အီရတ်နဲ့ အမေရိကန်စစ်စခန်းတွေရှိတဲ့ ပင်လယ်ကွေ့နိုင်ငံ တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်နေတာကြောင့် လူသေဆုံးမှုတွေနဲ့ အခြေခံအ ဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ပေါ်နေသလို ကမ္ဘာ့ဈေးကွက်နဲ့ လေကြောင်းလိုင်းတွေမှာလည်း အခက် အခဲတွေ ကြုံတွေ့နေရပါတယ်။
ကိုးကား – TRT World
Ref; Trump hints at seizing Iran’s oil, eyes Kharg Island as US forces move in — report