ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်ခဲ့ကြပြီး လူအများအပြားက အီရန်အပေါ် တိုက်ခိုက်မှုတွေကို ကန့်ကွက်ကြောင်း ထုတ်ဖော်ကြပါ တယ်။

“No Kings” လို့ အမည်ပေးထားတဲ့ ဒီဆန္ဒပြပွဲတွေကို စီစဉ်သူတွေကတော့ စနေနေ့မှာ အမေရိ ကန်နိုင်ငံရှိ ပြည်နယ် ၅၀ လုံးက နေရာပေါင်း ၃,၀၀၀ ကျော်မှာ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ဒီနေ့ဟာ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် စစ်ဆင်ရေးတွေ စတင်ခဲ့တာ တစ်လပြည့်တဲ့နေ့ လည်း ဖြစ်ပါတယ်။

မြို့တော် ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲမှာတော့ လူအများအပြားဟာ တိုက်ပွဲတွေ ရပ်တန့်ဖို့ တောင်း ဆိုထားတဲ့ ဆိုင်းဘုတ်တွေနဲ့ စစ်ပွဲကြောင့် စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကို မ ကျေနပ်ကြောင်း ဖော်ပြထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။

အသက် ၆၇ နှစ်အရွယ် ပင်ဆယ်ဗေးနီးယား အမျိုးသမီးတစ်ဦးက အီရန်အုပ်ချုပ်သူတွေဟာ ရက် စက်ကြမ်းကြုတ်သူတွေ ဖြစ်ပေမဲ့ အမေရိကန်အတွက် လက်ငင်း အန္တရာယ်မရှိဘဲနဲ့ အခုလို တိုက်ခိုက်တာ ဟာ မှန်ကန်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အီရန်စစ်ဆင်ရေးဟာ ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီအက်ပ်စတိန်းရဲ့ ဖိုင်တွဲတွေဆီကနေ လူထုအာရုံလွှဲဖို့ ဒေါ်နယ်ထရမ့်က ကြိုးစားတာဖြစ်နိုင်တယ်လို့ သူက ယူဆနေပါ တယ်။ ဒေါ်နယ်ထရမ့်ကတော့ အက်ပ်စတိန်းနဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက ပတ်သက်မှု ဖြတ်တောက် ခဲ့တာလို့ ငြင်းဆိုထားပါတယ်။

အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကလည်း အီရန်မှာ မြေပြင်ထိုးစစ်တွေ ဖြစ်လာမှာကို စိုးရိမ် နေကြပြီး ဒီစစ်ပွဲဟာ အကျိုးအမြတ်မရှိဘဲ ကြွေးမြီတွေ ပိုများလာစေသလို အမေရိကန်စစ်သားတွေနဲ့ အ ရှေ့အလယ်ပိုင်းက ကလေးငယ်တွေ အသက်ဆုံးရှုံးရမယ့် ရေရှည်ပဋိပက္ခတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြော ဆိုခဲ့ပါတယ်။

ဗီယက်နမ်စစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ အသက် ၇၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ဒေါ်နယ်ထရမ့် ဟာ ဒီစစ်ဆင်ရေးကို ရက်ပိုင်းအတွင်း အဆုံးသတ်ပြီး သူရဲကောင်းဖြစ်ချင်နေတာလို့ ဆိုပါတယ်။ အီရန်က မမျှော်လင့်ဘဲ ပြန်လည်တုံ့ပြန်လာတာကြောင့် အခုအခြေအနေဟာ ဗီယက်နမ်စစ်ပွဲနဲ့ ဆင်တူနေပြီလို့ သူ က ထောက်ပြခဲ့ပါတယ်။

နယူးယောက်မြို့ မန်ဟက်တန်အလယ်ပိုင်းမှာလည်း “No Kings” ဆန္ဒပြသူတွေနဲ့ ပြည့်နှက်နေပါ တယ်။

အီရန်ကို တိုက်ခိုက်တာကို ကန့်ကွက်တဲ့ အမျိုးသမီးတစ်ဦးကတော့ ဒီစစ်ပွဲဟာ အမေရိကန် အခွန် ထမ်းပြည်သူတွေရဲ့ ငွေတွေကို အလဟဿ ဖြုန်းတီးနေတာဖြစ်တဲ့အပြင် ပြည်ပမှာဖြစ်နေတဲ့ ကြောက်စ ရာကောင်းတဲ့ ရက်စက်မှုတွေကို အမေရိကန်လူမျိုး အတော်များများက မသိကြတာကို စိတ်မကောင်းဖြစ် မိတယ်လို့ ဆိုပါတယ်။

အထက်တန်းကျောင်းသားတစ်ဦးကလည်း ဒီမိုကရေစီကို ကာကွယ်ဖို့ တောင်းဆိုခဲ့ပြီး ဒေါ်နယ်ထ ရမ့်ဟာ စစ်ပွဲတွေမှာ မပတ်သက်ဘူးလို့ အစကပြောခဲ့ပေမဲ့ အခုတော့ လူတွေကို စစ်ပွဲတွေထဲ ဆွဲသွင်းနေ ပြီလို့ ဝေဖန်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Protests against Trump, Iran attacks held across US