(ကျူးဘားနိုင်ငံဟာ ဝါရှင်တန်ရဲ့ နောက်ထပ်အဓိကပစ်မှတ် ဖြစ်လာနိုင်တယ်လို့ ဆို)

ဧရာဝတီတိုင်းမ်
မတ်လ ၂၉ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေမှာ ရရှိခဲ့တဲ့ စစ်ရေးအောင်မြင် မှုတွေကို ကိုးကားပြီး ကျူးဘားနိုင်ငံဟာ ဝါရှင်တန်ရဲ့ နောက်ထပ်အဓိကပစ်မှတ် ဖြစ်လာနိုင်တယ်လို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

မိုင်ယာမီမှာ ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တစ်ခုမှာ ၎င်းက အမေရိကန်ရဲ့ ပြည်ပစစ်ဆင်ရေးတွေ ကို ချီးမွမ်းခန်းဖွင့်ရင်း “နောက်တစ်ကြိမ်ကတော့ ကျူးဘားပဲ” လို့ ပြောဆိုခဲ့တာပါ။

ဒေါ်နယ်ထရမ့်အနေနဲ့ ကျူးဘားနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားမလဲဆိုတာကို အသေး စိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေမဲ့ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟာ ဗားနားအစိုးရဟာ ပြိုလဲလုနီးပါး အခြေအနေကို ရောက်နေပြီလို့ ထုတ်ဖော်ပြောဆိုလေ့ ရှိပါတယ်။

ဒေါ်နယ်ထရမ့်က စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ခြေရှိတယ်လို့ အရိပ်အ မြွက် ပြောဆိုနေပေမဲ့လည်း သူ့ရဲ့အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ကျူးဘားခေါင်း ဆောင်ပိုင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပါတယ်။

“ကျွန်တော်ဟာ ဒီလောက်အင်အားတောင့်တင်းတဲ့ စစ်တပ်ကြီးကို တည်ဆောက်ခဲ့တာပါ။ ဒီစစ် တပ်ကို အသုံးပြုစရာ ဘယ်တော့မှ လိုမှာမဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ တစ်ခါတ လေကျတော့လည်း အသုံးပြုဖို့ လိုလာတာမျိုး ရှိတတ်တာပေါ့။ ဒါနဲ့ စကားမစပ် ပြောရရင် နောက်တစ် လှည့်ကတော့ ကျူးဘားပဲဗျ” လို့ သူက ဆိုပါတယ်။

ကျူးဘားနိုင်ငံကို တစ်နည်းနည်းနဲ့ ရယူနိုင်မယ့် ဂုဏ်ယူစရာအခွင့်အရေး ရလိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း ၎င်းက ပြောပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ စကားပြောရင်း ဒေါ်နယ်ထရမ့်က ကျူးဘားကို သူ လွတ် မြောက်အောင် လုပ်ပေးနိုင်တယ် ဒါမှမဟုတ် သိမ်းပိုက်နိုင်တယ်လို့ ယုံကြည်ကြောင်းနဲ့ ဒီကျွန်းနိုင်ငံလေး အပေါ် သူလုပ်ချင်တာ မှန်သမျှ လုပ်နိုင်တဲ့ စွမ်းဆောင်ရည်မျိုး သူ့မှာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလို ပြင်းထန်တဲ့ ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း နှစ်နိုင်ငံကြား သံတမန်ရေးလမ်းကြောင်းတွေကတော့ ပွင့်နေဆဲ ဖြစ်ပါတယ်။

အမေရိကန် တာဝန်ရှိသူတွေရဲ့ အဆိုအရ ဆွေးနွေးမှုတွေ ဆက်တိုက်ရှိနေပြီး၊ တခြားရွေးချယ်စ ရာ နည်းလမ်းတွေ ရှိနေသေးပေမဲ့လည်း သမ္မတဒေါ်နယ်ထရမ့်က သဘောတူညီမှုတစ်ခု ရနိုင်ခြေရှိတယ် လို့ အရိပ်အမြွက် ပြောကြားထားပါတယ်။

ကိုးကား – India Today
Ref; Cuba is next: Trump signals new focus after Iran, Venezuela