ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်
အီရန်နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ စတင်ခဲ့တာ ဒီနေ့မှာ တစ်လ တင်းတင်းပြည့်ခဲ့ပြီဖြစ်ပေမဲ့ လက်ရှိအခြေအနေတွေက တိတိကျကျ ပြောလို့မရသေးဘဲ ဝေခွဲရ ခက်နေတုန်းပါပဲ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ ဒီစစ်ဆင်ရေးဟာ လနဲ့ချီပြီး ကြာမှာမ ဟုတ်ဘဲ သီတင်းပတ် အနည်းငယ်အတွင်းမှာတင် အဆုံးသတ်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆို ခဲ့ပါတယ်။
မာကိုရူဘီယိုဟာ ပြင်သစ်နိုင်ငံမှာပြုလုပ်တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး သောကြာနေ့မှာ အခုလို မှတ်ချက်ပေးခဲ့တာပါ။
အမေရိကန်အနေနဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် စောပြီး လုပ် ဆောင်နိုင်နေပြီ ဖြစ်သလို ခြေလျင်တပ်ဖွဲ့ဝင်တွေ အသုံးမပြုဘဲ အောင်မြင်အောင် လုပ်နိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမေရိကန်စစ်ဌာနချုပ်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခြေလျင်တပ်ဖွဲ့ဝင် ၁၀,၀၀၀ လောက် အထိ ထပ်ပြီး စေလွှတ်ဖို့ စီစဉ်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက် ကို ကိုးကားပြီး Wall Street Journal သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ၁၀ ရက်ကြာ ရပ်နားထားမယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ တပ်မှူးဟောင်းတစ်ဦးဖြစ်သူ ဟိုစိန်ကာနာနီမို ဂတ်ဒမ်က ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်အပေါ် သံသယရှိတယ်လို့ သောကြာနေ့မှာ NHK သတင်းဌာန ကို ပြောကြားခဲ့ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်အနေနဲ့ ပါရှန်ပင်လယ်ကွေ့ထဲက ကျွန်းတွေကို သိမ်းပိုက်ဖို့အတွက် ဒီဒေသ တွင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို အင်အားဖြည့်တင်းဖို့ အချိန်ဆွဲနေတာသာ ဖြစ်တယ်လို့ သူက ဆိုပြီး အီရန်ကလည်း အစွမ်းကုန် ဆက်လက်ခုခံသွားမယ်လို့ ပြောပါတယ်။
ကိုးကား – NHK
Ref; Rubio: Iran operation to end in weeks, not months