ဧရာဝတီတိုင်းမ်
မတ် ၂၈ ရက်

အမေရိကန်တပ်ဖွဲ့တွေဟာ အီရန်စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကိုဆက်တိုက်တိုက်ခိုက်နေတယ် လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အီရန်ရဲ့ ရေတပ်နဲ့ လေတပ်ဟာ အခုဆိုရင် လုံးဝကို “အမြစ်ပြတ်” သွားပြီဖြစ်သလို ဒီအခြေအနေ တွေကြောင့်ပဲ တီဟီရန်အစိုးရဟာ ညှိနှိုင်းဖို့ ဖြစ်လာတာလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက်မရရင်တော့ အမေရိကန်ဟာ အီရန်အတွက် “အဆိုး ဝါးဆုံး အိပ်မက်ဆိုး” ဖြစ်လာလိမ့်မယ်လို့လည်း ၎င်းက သတိပေးလိုက်ပါတယ်။

ကြာသပတေးနေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဒေါ်နယ်ထရမ့်က ညှိနှိုင်းမှုအခြေအ နေတွေကို ရှင်းပြခဲ့တာပါ။ အမေရိကန်က ညှိနှိုင်းရေးအဖွဲ့မှာ အထူးကိုယ်စားလှယ် စတိဝှစ်ကော့ဖ်၊ ဒေါ် နယ်ထရမ့်ရဲ့ သမက် ဂျာရတ်ကက်ရှ်နာ နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ပါဝင်ပါတယ်။

အီရန်က ညှိနှိုင်းမှုတွေကို ဂျေဒီဗန့်ဟ် ပဲ ဦးဆောင်စေချင်တယ်လို့ အလွတ်သဘော လမ်းကြောင်း တွေမှတစ်ဆင့် အကြောင်းပြန်ထားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။

ဒေါ်နယ်ထရမ့်က “အီရန်က သဘောတူညီချက်ရဖို့ တောင်းပန်နေတာပါ။ ဟိုမှာ ဘာတွေဖြစ်နေ လဲဆိုတာ မြင်တဲ့သူတိုင်း သူတို့ ဘာကြောင့် သဘောတူညီချက်ရချင်နေကြလဲဆိုတာ နားလည်ကြပါလိမ့် မယ်” လို့ ပြောကြားခဲ့ပါတယ်။

အီရန်က စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒကို ပြသတဲ့အနေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင် သင်္ဘော ၁၀ စီးကို ဖြတ်သန်းခွင့်ပြုခဲ့ပြီး ဒါဟာ သူတို့ပေးတဲ့ လက်ဆောင်ပဲလို့ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။

အီရန်အစိုးရရဲ့ တောင်းဆိုချက်အရ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်နေတာကို ဧပြီလ ၆ ရက် အရှေ့ဘက်စံတော်ချိန် ည ၈ နာရီအထိ ၁၀ ရက်ကြာ ခေတ္တရပ်နားပေးထားမယ်လို့လည်း သူက ဆိုပါတယ်။

အမေရိကန်က ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံမူဘောင်အဖြစ် “အချက် ၁၅ ချက်ပါ လုပ်ဆောင်ရမယ့်စာရင်း” ကို တင်ပြထားတယ်လို့ ညှိနှိုင်းရေးမှူး စတိဝှစ်ကော့ဖ်က အတည်ပြုပါ တယ်။

သူက “အခြေအနေတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အီရန်အတွက် ဒီထက် မက သေကြေပျက်စီးရတာမျိုးကလွဲလို့ တခြားရွေးချယ်စရာမရှိဘူးဆိုတာကို သူတို့နားလည်အောင် ကျွန်တော်တို့ နားချနိုင်မလားဆိုတာ ကြည့်ရပါမယ်။ အခုအချိန်မှာတော့ ဒါဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ လက္ခဏာကောင်းတွေ တွေ့နေရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အီရန်အစိုးရဟာ ကြားခံညှိနှိုင်းပေးသူတွေကတစ်ဆင့် ဗုဒ္ဓဟူးနေ့ညပိုင်းမှာ တရားဝင်အကြောင်း ပြန်စာ ပေးပို့ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် Tasnim သတင်းဌာနက ကြာသပတေးနေ့မှာ ဖော်ပြပါတယ်။

အဲဒီအကြောင်းပြန်စာထဲမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်ပေးဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် နစ် နာကြေးပေးဖို့ အီရန်က တောင်းဆိုထားပါတယ်။

ကိုးကား – NHK
Ref; Trump says Iran is ‘begging to make a deal’