ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ပြုံယမ်းမြို့မှာ ချစ်ကြည်ရေးစာချုပ် လက်မှတ်ရေးထိုးစဉ် ရိုင်ဖယ်သေနတ်တစ်လက် လက်ဆောင်ပေးခဲ့ တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားကို အဓိကထောက်ခံနေကြတဲ့ ဒီခေါင်းဆောင်နှစ်ဦးဟာ ရှေ့ လျှောက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ အနောက်အုပ်စုရဲ့ ဖိအားပေးမှုတွေကို အတူတကွ ခုခံ တွန်းလှန်သွားဖို့ သဘောတူခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ လူကာရှန်ကိုက ကင်ဂျုံအန်ကို “ရန်သူတွေ ပေါ်လာခဲ့ရင် အသုံးပြုဖို့” ဆိုပြီး အော်တိုရိုင်ဖယ်တစ်လက်ကို နောက်ပြောင်ပြီး ပေးခဲ့တာကို တွေ့ရပါတယ်။
အပြန်အလှန်အနေနဲ့ ကင်ဂျုံအန်ကလည်း လူကာရှန်ကိုရဲ့ ပုံတူပန်းချီပါတဲ့ ပန်းအိုးတစ်လုံးနဲ့ ဓား တစ်စင်းကို လက်ဆောင်ပြန်ပေးခဲ့ပါတယ်။
လူကာရှန်ကိုက ကင်ဂျုံအန်ကို “မိတ်ဆွေတစ်ယောက်အနေနဲ့ရော လောကကြီးမှာ အရာအားလုံး ကို မြင်ဖူးခဲ့ပြီးသား လူတစ်ယောက်အနေနဲ့ပါ ကျွန်တော်ပြောနိုင်တာကတော့ အခုလို အလုပ်ကြိုးစားပြီး စည်းကမ်းရှိတဲ့ လူမျိုးတွေရှိနေတဲ့ ခင်ဗျားတို့နိုင်ငံအတွက် ကြီးကျယ်တဲ့အနာဂတ်က စောင့်ကြိုနေပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒီချစ်ကြည်ရေးစာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက် အလွန်အရေးကြီးတဲ့ အခြေခံအုတ်မြစ် တစ်ခုဖြစ်တယ်လို့ လူကာရှန်ကိုက ပြောကြားခဲ့ပြီး ကင်ဂျုံအန်ကလည်း ဒီစာချုပ်ဟာ နှစ်နိုင်ငံဆက်ဆံ ရေး တည်ငြိမ်စွာ တိုးတက်လာဖို့အတွက် ပိုမိုခိုင်မာတဲ့ အာမခံချက် ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးဟာ စိုက်ပျိုးရေးကဏ္ဍကနေ သတင်းအချက်အလက်နည်းပညာနဲ့ ပြည်သူ့ ကျန်းမာရေးကဏ္ဍတွေအထိ နယ်ပယ်အစုံမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားနဲ့ ဘီလာရုစ်နိုင်ငံတို့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ် စွဲချက်တွေအပြင် ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီပေးနေတာကြောင့် အနောက်အုပ်စုရဲ့ ပြင်းထန် တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတာပါ။
မြောက်ကိုရီးယားဟာ ရုရှားရဲ့ စစ်ဆင်ရေးတွေအတွက် စစ်သည်အင်အားတွေ ထောက်ပံ့ပေးနေ ပါတယ်။ ပြီးခဲ့တဲ့နှစ်က အနောက်အုပ်စု တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ ပထမဆုံးလအနည်းငယ်အတွင်း မြောက်ကိုရီးယားစစ်သား ၁,၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ခန့်မှန်းရပါ တယ်။
ကိုးကား – BBC
Ref; Belarus leader gifts rifle to Nort