ဧရာဝတီတိုင်းမ်
မတ် ၂၇ ရက်
အီရန်နိုင်ငံအပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေး ပထမ ၁၆ ရက်အတွင်းမှာ ဒေါ်လာ ၂၆ ဘီလီယံနီးပါး အကုန်အကျခံပြီး ခဲယမ်းမီးကျောက်ပေါင်း ၁၁,၀၀၀ ကျော် အသုံးပြုခဲ့တယ်လို့ ဗြိတိန်အ ခြေစိုက် သုတေသနအဖွဲ့တစ်ခုက ပြောပါတယ်။
ဗြိတိန်တော်ဝင် ပူးပေါင်းစစ်မှုထမ်း အဖွဲ့အစည်း (RUSI) က အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ အီရန် ပဋိပက္ခ ဆန်းစစ်ချက်မှာ ဒီကိန်းဂဏန်းကို ဖော်ပြခဲ့တာပါ။
အခုလို အရှိန်အဟုန်နဲ့ တိုက်ခိုက်နေတာကြောင့် အမေရိကန်နဲ့ အစ္စရေးတို့ဟာ ခဲယမ်းမီးကျောက် ပြတ်လပ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း အဲဒီအဖွဲ့က ခန့်မှန်းထားပါတယ်။
အထူးသဖြင့် ဝေးလံတဲ့ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တိကျတဲ့ တိုက်ခိုက်ရေးလက်နက်တွေ ပြတ်လပ် သွားနိုင်တာပါ။
အမေရိကန်တပ်မတော်မှာ ATACMS မြေပြင်ပစ် ဒုံးကျည်တွေနဲ့ THAAD ဒုံးစနစ်တွေဟာ နောက် ထပ် တစ်လ ဒါမှမဟုတ် တစ်လမပြည့်ခင်မှာတင် ကုန်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း အဲ ဒီအစီရင်ခံစာက ဆိုပါတယ်။
အစ္စရေးရဲ့ အခြေအနေကတော့ ပိုပြီးစိုးရိမ်စရာကောင်းနေပြီး Arrow အမျိုးအစား ဒုံးခိုခံဒုံးကျည် တွေဟာ မတ်လကုန်ပိုင်းမှာတင် အကုန်လုံး သုံးစွဲပြီးသား ဖြစ်သွားနိုင်တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါ တယ်။
ဒီလိုဒုံးကျည်မျိုးတွေဟာ တည်ဆောက်ပုံ အရမ်းရှုပ်ထွေးပြီး အချိန်တိုအတွင်း အများအပြား ထုတ် လုပ်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် အခု အီရန်စစ်ဆင်ရေးမှာ သုံးခဲ့ပြီးတဲ့ Tomahawk ဒုံး ကျည်အစင်း ၅၀၀ ကျော်ကို ပြန်ပြီး ဖြည့်တင်းနိုင်ဖို့ဆိုရင် အနည်းဆုံး ၅ နှစ်လောက် အချိန်ယူရမှာ ဖြစ်ပါတယ်။
အမေရိကန်ဟာ လက်ကျန်လက်နက်နည်းနေပြီး ဖြည့်တင်းဖို့ ခက်ခဲတဲ့ ဒုံးကျည်တွေကို အသုံးပြု နေရတာကြောင့် တိုင်ဝမ်ကို ကာကွယ်ပေးဖို့နဲ့ ယူကရိန်းကို ကူညီပေးဖို့ စတဲ့ တခြားစစ်မျက်နှာပြင်တွေ မှာ အမေရိကန်ရဲ့ ကာကွယ်ရေးစွမ်းရည် လျော့နည်းသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်က သူတို့ရဲ့ ကိုယ်ပိုင်လက်နက်အင်အားကို ပြန်ဖြည့်တင်းဖို့ပဲ အာရုံစိုက်လာမှာ ဖြစ်တဲ့ အတွက် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက သူတို့ ပိုက်ဆံပေးပြီး မှာယူထားတဲ့ လက်နက်တွေ ရောက် ရှိလာဖို့ နောက်ကျသွားမှာကို စိုးရိမ်နေကြပြီလို့ ဗြိတိန်သုတေသနအဖွဲ့က ထောက်ပြထားပါတယ်။
ကိုးကား – NHK
Ref; UK think tank: US and Israel could run out of some weapons