ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်

အောင်မြင်ဖို့ရာ အခွင့်အရေးတစ်ရပ်ရှိနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ခက်ခဲသော အသွင်ကူးပြောင်းမှုတစ်ရပ်ကို NUG က ဆောင်ရွက်နေပါတယ်။ ကမ္ဘာ့နိုင်ငံတွေက ချီတုံချတုံဖြစ်နေ စဉ်မှာဘဲ အနာဂတ်မြန်မာနိုင်ငံရဲ့ ပုံသဏ္ဍာန်သစ် ပေါ်ထွက်နေပါပြီ။

မြန်မာနိုင်ငံကို အာဏာခွဲဝေမှုနဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို အာမခံတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့နည်းသော လစ်ဘရယ် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပြောင်းလဲဖို့ NUG နဲ့ NUCC က ကြားကာလ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုကို ရေးဆွဲနေပါတယ်။

လွှတ်တော်ကနေ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ဖော်ဆောင်မှာဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရသစ်က ကာကွယ်ရေး၊ ငွေကြေးမူဝါဒ၊ နိုင်ငံခြားဆက်ဆံရေး စတဲ့လိုအပ်တာကိုသာ ဆောင်ရွက်မှာဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာအများစုကို ဒေသန္တရအဆင့်ကို ပေးအပ်မှာဖြစ်ပါတယ်။

ဒါဟာ ဝနဲ့ ကိုးကန့်လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေလို လုပ်ပိုင်ခွင့်ရရှိထားတဲ့ ပြည်နယ်တွေလိုမျိုး အဆင့်အတန်းဖြစ်ပြီး မြန်မာနိုင်ငံ အနောက်တောင်ပိုင်းက ရခိုင်ပြည်နယ်ကလည်း အလားတူအဆင့်အတန်းမျိုး ရရှိလာနိုင်ပါတယ်။

တစ်ကယ်တော့ NUG ရဲ့ အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်က လွယ်ကူချောမွေ့မှာတော့ မဟုတ်ပါဘဲ အ ခက်အခဲတွေ ရှိနေပါတယ်။ NUG ရဲ့ ကြားကာလ ဖက်ဒရယ်အစိုးရဆိုတဲ့ အခန်းကဏ္ဍတွေကြား တင်းမာမှုတစ်ရပ် ရှိနေပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးမှာ အကန့်အသတ် အခန်းကဏ္ဍနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေကို ကြီးကြပ်တဲ့ စွမ်း ဆောင်ရည်နဲ့ပတ်သက်လို့ NUG မှာ အခက်အခဲတွေရှိနေတာပါ။

တိုင်းရင်းသားမဟာမိတ်တွေကလည်း NUG ရဲ့ ဗဟိုချုပ်ကိုင်ဖို့ ယိမ်းယိုင်လိုမှုကို ညည်းတွားကြပါတယ်။ အထိရောက်ဆုံးနည်းလမ်းနဲ့ အုပ်ချုပ်ဖို့ရာ လက်ရှိလိုအပ်ချက်တွေကို NUG က တောင်းဆိုထားပါတယ်။ တင်းမာ မှုတွေကို NUCC မှတစ်ဆင့် ညွန့်ပေါင်းအဖွဲ့အတွင်းသာ ဖြေရှင်းဖို့လိုအပ်ပြီး ဒီလုပ်ငန်းစဉ်က တိုးတက်လာနိုင်ပါ တယ်။

အကျဉ်းချုပ်ပြောရရင် NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် ကမ္ဘာကြီးကရော NUG ရဲ့အုပ်ချုပ်မှုကို လက်ခံဖို့ အသင့်ဖြစ်ပြီလား?

NUG က အစိုးရတစ်ရပ်အဖြစ် ဆောင်ရွက်နေပြီဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိုးရတစ်ရပ်ကို အသိ အမှတ်ပြုတဲ့ စံမှတ်ကျောက်တွေဖြစ်တဲ့ နယ်မြေထိန်း ချုပ်မှု၊ တရားဝင်မှု၊ ပြည်သူကို ဝန်ဆောင်မှုနဲ့ လုံခြုံရေး ဆောင်ရွက်ပေးနိုင်မှု စတဲ့အရာတွေ ဖြည့်ဆည်းပေးနေပါတယ်။ ကမ္ဘာကြီးက ဘာကြောင့် အခုထိ အသိအမှတ်မ ပြုသေးတာလဲ။

ယူကရိန်းစစ်ပွဲဟာ ကျွန်တော်မယုံကြည်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒီစစ်ပွဲက အမေရိကန်နဲ့ တ ရုတ်ကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်စေပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦး ဆောင်တဲ့ အစိုးရအဖွဲ့က တရုတ်နိုင်ငံအတွက် မိတ်ဆွေဖြစ်ခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ လက်ကိုင်တုပ်မဟုတ်ပါ ဘူး။

NUG က NLD ရဲ့ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ထပ်လောင်းပြောကြားခဲ့ပြီးဖြစ်ပါတယ်။ တရုတ် နိုင်ငံက NUG နဲ့ ဆက်ဆံရေးရှိပေမယ့် NUG နဲ့ ထိတွေ့ဆက်ဆံဖို့ ငြင်းဆန်ပါတယ်။ အမေရိကန်နဲ့တရုတ်ကြား သဘောတူညီမှုအချို့ရရှိမယ်ဆိုရင် ဒါကို ပြောင်းလဲလာနိုင်ပါတယ်။

NUG ကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေကလည်း လက်တွေ့ကျတဲ့ ငွေကြေးနဲ့ လက်တွေ့ကျတဲ့ပံ့ပိုးမှုပြု လုပ်ဖို့ ရွေးချယ်စရာတစ်ခု ဖြစ်နေဆဲပါ။ လိုအပ်ရင် စီမံကိန်းအချို့ စတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းတွေကို ငွေကြေး ထောက်ပံ့ဖို့ ကမ္ဘာ့နိုင်ငံတွေက NUG ဒါမှမဟုတ် ဆက်စပ်အဖွဲ့အစည်းတွေနဲ့ ပူးတွဲဖွံ့ဖြိုးရေးစီမံကိန်းတွေ တည် ထောင်နိုင်ပါတယ်။

NUG ကလည်း အဲလိုလုပ်ဖို့ဆန္ဒရှိပြီး လုပ်ကိုင်နိုင်စွမ်းလည်းရှိပါတယ်။ ဖွံ့ဖြိုးရေးမိတ်ဖက်တွေက ပြင် လွယ်ပြောင်းလွယ်နိုင်စွမ်း ပြမယ်ဆိုရင်တောင် NUG မှာ အန္တရာယ်တွေကို လျှော့ချနိုင်သော လိုအပ်တဲ့ စီမံခန့်ခွဲမှု နဲ့ ထိန်းချုပ်ရေးလုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။

NUG ကို နိုင်ငံတကာ အစိုးရမဟုတ်သော အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေကို ဖိတ်ကြားသင့်ပြီး ပမာ ဏများပြားတဲ့ ငွေကြေးနဲ့ ဝန်ထမ်းတွေအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး ပံ့ပိုးမှုတွေ ရရှိသင့်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် ရှုမြင်တာမျိုးမဖြစ်ရအောင် နိုင်ငံတကာ စေ့စပ်ညှိ နှိုင်းရေးမှူးတွေ၊ ကိုယ်စားလှယ်တွေက NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသင့်ပါတယ်။

NUG က မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ပိုပြီး ဆောင်ရွက်လာပြီး တရားဝင်ရရှိဖို့ ထိုက်တန်တဲ့ အစိုးရတစ် ရပ် ဖြစ်တဲ့အပြင် မြန်မာကို ဘော်လ်ကန်နိုင်ငံတွေလိုမျိုးမဖြစ်အောင် တားဆီးနိုင်တဲ့ အစီအမံရှိတာကြောင့် ကမ္ဘာ ကြီးက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုပေးဖို့ ဆင်ခြေတွေ ထပ်မပေးသင့်တော့ပါဘူး။

The Diplomat မဂ္ဂဇင်းဝဘ်ဆိုဒ်မှာ မြန်မာ့အရေးကျွမ်း ကျင်သူ ဖိလစ်အန်နာဝစ် ရေးသားထားတဲ့ Is Myanmar’s National Unity Government ready to govern? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါတယ်။

ဆောင်းပါးရှင် ဖိလစ်အန်နာဝစ်ဟာ ဒီမိုကရေစီ အုပ်ချုပ်မှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာမ သိမ်းမီအထိ မြန်မာအစိုးရနှင့် လွှတ်တော်ကို အကြံပေးခဲ့ပါတယ်။

NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား (အပိုင်း ၁)

NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား (အပိုင်း ၂)