ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၉ ရက်

ပညာရေးဝန်ကြီးဌာနမှာ အရင်းအမြစ်တွေ အကန့်အသတ်နဲ့သာရှိတာကြောင့် အဲဒီ CDM ဆရာ/ဆရာမ တွေအတွက် ထောက်ပံ့ကြေးအနည်းငယ်သာ ပေးနိုင်ပါတယ်။ NUG ကျောင်းတွေက ပညာရေးဝန်ကြီးဌာနထံ ပုံ မှန် အစီရင်ခံရပါတယ်။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုကိုတော့ NUCC မှ တစ်ဆင့် ပြုလုပ်ရပါတယ်။

NUG က ထိရောက်မှုရှိသော ဗဟိုညှိနှိုင်းဆောင်ရွက်မှုကို လုပ်ဆောင်ပြီး ပြည်သူ့အရင်းအမြစ်တွေကို စီမံ ခန့်ခွဲကာ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါတယ်။ မြန်မာနိုင်ငံတွင်းနဲ့ ပြည်ပမှာရောက်ရှိနေတဲ့ NUG အစိုးရ အဖွဲ့ ဝင်တွေက အွန်လိုင်းမှတစ်ဆင့် အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးတွေ ပြုလုပ်ပါတယ်။ NUG မှာ သမ္မတနဲ့ ဝန် ကြီးချုပ်ရုံးတွေလည်းရှိပြီး ဝန်ကြီးဌာနတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံတင်ပြမှုတွေ ရှိပါတယ်။

NUG က သတင်းအချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ကာ မူဝါဒကို အလိုက်သင့် ကျင့်သုံးပါ တယ်။ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အခွန်ကောက်ခံပြီး ငွေတိုက်စာချုပ်တွေ ထုတ်ပေးပါတယ်။

မြန်မာနိုင်ငံလို အာဏာသိမ်းစစ်ကောင်စီက တင်းကျပ်စွာ ထိန်းချုပ်ထားဆဲ တိုင်းပြည်တစ်ပြည်မှာ လိုအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စနစ်တစ်မျိုးဖြစ်တဲ့ အခွန်ကောက်ခံမှုနဲ့ အသုံးစရိတ်ကို NUG က ဗဟိုချုပ်ကိုင်မှုလျှော ့ချထားပါတယ်။

ဒါပေမယ့် ဝင်ငွေအားလုံးနဲ့ အသုံးစရိတ်ကို NUG ရဲ့ဘတ်ဂျက်မှာ စီစဉ်ထားပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနထံ လစဉ် ငွေကြေးဆိုင်ရာ အစီရင်ခံစာတွေမှတစ်ဆင့် တင်ပြပါတယ်။ တရားဝင် အစိုးရ တစ်ရပ်အဖြစ် အသိအမှတ်ပြုခံရချိန်တွင် ချက်ချင်း အသုံးပြုနိုင်ရန် ပြည်ပငွေစာရင်းတစ်ခု အပါအဝင် ဝန်ကြီးဌာ နက ပြည်သူ့ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်တွေ ထူထောင်ထားပါတယ်။

NUG မှာ ကိုယ်ပိုင် နိုင်ငံခြားရေးမူဝါဒရှိပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ တ တိယနိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့နိုင်ငံတစ်ဒါဇင်လောက်မှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားနိုင်ပါပြီ။ ဥရောပတိုက် က နိုင်ငံအချို့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေအတွက် ကောင်စစ်ရေးရာ ဆောင်ရွက် ပေးပါတယ်။ NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုချိန်အထိ အဲဒီရုံးတွေက ဆက်ဆံရေးကို ကိုင်တွယ် ပေးမှာဖြစ်ပါတယ်။

ဘာတွေပြုလုပ်တယ်, သုံးစွဲတယ်နဲ့ အကူအညီပေးတာနဲ့ပတ်သက်လို့ NUG မှာ တာဝန်ခံမှုရှိပါတယ်။ လက်ရှိအခြေအနေတွေအရ NUG ရဲ့ တာဝန်ခံမှုက မပြည့်စုံပေမယ့် အကောင်းဆုံး ကြိုးပမ်းနေပါတယ်။ NUG ရဲ့ စာရင်းစစ်ချုပ်က ငွေကြေးစစ်ဆေးမှုတွေကို အသေးစိတ်လုပ်ဆောင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကလည်း အကြမ်းဖျင်း သုံးလတစ်ကြိမ် တွေ့ဆုံပြီး NUG ရဲ့ ဆောင်ရွက်ချက် အစီရင်ခံတင်ပြမှုတွေကို လက်ခံရရှိကာ လွှတ်တော်ကော်မတီတွေကလည်း ဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည် တွေကို စတင်ပြီး အကဲဖြတ်နေပါပြီ။ လက်ရှိ ကြားကာလအတွင်း ဒေသန္တရ တရားရေးစနစ်က လွတ်လပ်မည်မ ဟုတ်ပေမယ့် အနည်းဆုံးတော့ ပြည်သူတွေရဲ့ တရားစီရင်မှုစနစ် ရှိနေပါပြီ။

NUG အတွက် စိန်ခေါ်မှုများစွာလည်း ရှိနေပါတယ်။ အစီရင်ခံတင်ပြမှုတွေက ရှုပ်ထွေးပါတယ်။ ဝန် ဆောင်မှု ဆောင်ရွက်ပေးရာမှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဟန်ချက်မညီသေးသလို အခက်အခဲတွေလည်း ရှိနေ ပါတယ်။ NUG က ငွေလည်း လိုအပ်နေပြီး အခွန်ကောက်ခံမှုရရှိတဲ့ဝင်ငွေက မပြောပလောက်သေးဘဲ ပြည်ပ ရောက် မြန်မာနိုင်ငံသားတွေရဲ့ ငွေကြေးပံ့ပိုးမှုကို မှီခိုနေရပါတယ်။

NUG ဝန်ကြီးတွေက လစာ သို့မဟုတ် ထောက်ပံ့ကြေးတွေ မရရှိပါဘူး။ NUG ဝန်ကြီးဌာနတွေက ဝန် ထမ်းတွေက စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပြီး ထိပ်ပိုင်းက နိုင်ငံရေးအခန့်အပ်ခံတွေနဲ့ ထောင်ပေါင်းများစွာသော CDM ပြည်သူ့ဝန်ထမ်းတွေဖြစ်ပါတယ်။

NUG ရဲ့ဝန်ထမ်းတွေက ဆန္ဒအလျောက် တာဝန်ထမ်းဆောင်သူတွေမို့ ၄င်းတို့ကို စုတ်ပြတ်သပ်နေတဲ့ ဒေ သတွေမှာ ထားရှိရတာကြောင့် ကောင်းမွန်စွာ မကျွေးမွေးနိုင်သေးပါဘူး။ NUG ဝန်ကြီးဌာနတိုင်းက ပြည်သူ့ဝန် ထမ်းတွေကို ထောက်ပံ့ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရန်ပုံငွေရှာနေရပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ မိသားစုတွေကို ထောက်ပံ့ကြေးပေးဖို့ ဦးစားပေးပေမယ့် အများစုက တော့ ပံ့ပိုးကူညီမှု မရရှိကြပါဘူး။ ငွေကြေးအခက်အခဲတွေကြောင့် ဒီပြဿနာတွေကိုဖြေရှင်းဖို့ အချိန်ကြာမြင့်အုံး မှာ ဖြစ်ပါတယ်။

(The Diplomat မဂ္ဂဇင်းဝဘ်ဆိုဒ်မှာ မြန်မာ့အရေးကျွမ်းကျင်သူ ဖိလစ်အန်နာဝစ် ရေးသားထားတဲ့ Is Myanmar’s National Unity Government ready to govern? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါတယ်။ ဆောင်းပါးရှင် ဖိလစ်အန်နာဝစ်ဟာ ဒီမိုကရေစီ အုပ်ချုပ်မှုဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာမ သိမ်းမီအထိ မြန်မာအစိုးရနှင့် လွှတ်တော်ကို အကြံပေးခဲ့ပါတယ်။)

ဆက်စပ်ဆောင်းပါးများ –

NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား (အပိုင်း ၁)

NUG က မြန်မာနိုင်ငံကို အုပ်ချုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား (အပိုင်း ၃)