ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်

 

မြန်မာခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ ကျန်းမာရေးပြ ဿနာ ဆိုးရွားလာတာကြောင့် သူ့ကို ချက်ချင်း လွှတ်ပေးဖို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က တောင်းဆိုလိုက်ပါတယ်။

 

အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး ကျန်း မာရေးစောင့်ရှောက်မှုရရှိဖို့ ခက်ခဲနေတယ်လို့ သားဖြစ်သူ ကင်အဲရစ်ထံမှ ကြားသိရတဲ့အတွက် အလွန် စိုးရိမ်မိတယ်လို့ မေခရွန်က ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးသားခဲ့ပါတယ်။

 

“ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတ ဉီးဝင်းမြင့်နဲ့ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအ ကြောင်းပြချက်တွေနဲ့ အကျဉ်းချခံရသူအားလုံး ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကျွန်တော်တို့ ဆက် လက်တောင်းဆိုမယ်” လို့ သူက ရေးသားခဲ့ပါတယ်။

မြန်မာစစ်ကော်မရှင်ရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပရေး ရည်မှန်းချက်တွေ ကို ဆန့်ကျင်တယ်လို့ ၎င်းက ဆိုပါတယ်။

 

အကြမ်းဖက်မှု အရှိန်လျှော့ချရေးနဲ့ တရားဝင် နိုင်ငံရေးခေါင်းဆောင်တွေ အစီအစဉ်ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းတွေကို ပြင်သစ်နိုင်ငံက ထောက်ခံမယ်လို့ သူက ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး ပြင်သစ်သမ္မတက တွန်းအားပေးတာ ကျွန်တော့်ကို ပျော်ရွှင် စေပါတယ်” လို့ ကင်အဲရစ်က ပြောပါတယ်။

 

“ပြင်သစ်သံအမတ်ကြီး ခရစ်ရှန်လီချာဗီကိုလည်း ကျေးဇူးတင်ရှိပြီး ပြင်သစ်နိုင်ငံလို အခြား တိုင်းပြည်တွေက မြန်မာဒီမိုကရေစီခေါင်းဆောင်တွေ လွတ်မြောက်ရေး တောင်းဆိုပေးကြဖို့ မျှော်လင့် ပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

ကိုးကား – Independent
Ref; Emmanuel Macron makes impassioned plea for release of Aung San Suu Kyi amid health concerns