ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

တရုတ်နိုင်ငံသားခြောက်ဉီး သေဆုံးစေခဲ့တဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကိုးကန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ််ဉီးကို တရုတ်တရားရုံးက နိုဝင်ဘာလ ၄ ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ကိုးကန့် ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချိန်နဲ့ မိသားစုဝင်သုံး ဉီးကို ကွမ်တုံပြည်နယ်၊ ရှန်ကျန်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တာပါ။

ပယ်မိသားစုဝင်နှစ်ဉီးကို ဆိုင်းငံ့သေဒဏ်၊ ငါးဉီးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တယ် လို့ တရားရုံးက ပြောပါတယ်။

အခြားလူကိုးဉီးကို ဒဏ်ကြေးငွေ၊ ပိုင်ဆိုင်မှုသိမ်းဆည်းခြင်း၊ တရုတ်မှ ပြည်နှင်ဒဏ်ပေးခြင်း အပါ အဝင် ထောင်ဒဏ် နှစ် ၂၀ အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ပယ်ဆောက်ချိန်ဟာ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်တပ်ဖွဲ့ကို ထူ ထောင်ခဲ့တယ်လို့ စီရင်ချက်အရ သိရပါတယ်။

ပယ်ဆောက်ချိန်ရဲ့တပ်ဖွဲ့ဟာ တရားမဝင် ကာစီနို၊ ကျားဖြန့်လုပ်ငန်း၊ ပြန်ပေးဆွဲခြင်း၊ နှိပ်စက် ခြင်း၊ အဓ္ဓမ ပြည့်တန်ဆာမှုအပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စီရင်ချက် က ဖော်ပြပါတယ်။

လောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းမှရတဲ့ ငွေကြေးပမာဏဟာ ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့ပြီး ပယ်ဆောက်ချိန်ရဲ့ လက်နက်ကိုင်အဖွဲ့ဟာ မီသာဖက်တမင်း ၁၁ တန် ထုတ်လုပ်ကာ မှောင်ခိုကူးခဲ့တယ် လို့ စီရင်ချက်က ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်နိုင်ငံသားတွေကို ဆွဲဆောင်နေတဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ် သက်လို့ တရုတ်လူထုကြား စိုးရိမ်မှုတွေ ကြီးထွားလာပါတယ်။

ကိုးကား – CNA
Ref; Chinese court gives death sentence to Myanmar crime syndicate boss Bai Suocheng