ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်စေခဲ့တဲ့ အင်အား ပြင်း တိုင်ဖွန်းမုန်တိုင်း ‘ကယ်မာဂီ” ကြောင့် သေဆုံးသူအရေအတွက်မှာ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် သေဆုံးသူ ၆ ဉီး အပါအဝင် ၄၆ ဉီးအထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။

Huey ရဟတ်ယာဉ်ဟာ မင်ဒါနာအိုကျွန်းမှာ ဘေးအန္တရာယ်တုံ့ပြန်ရေးမစ်ရှင် ဆောင်ရွက်နေစဉ် ပျက်ကျခဲ့ရာ ရဟတ်ယာဉ်ပေါ်ပါ လူခြောက်ဉီး သေဆုံးခဲ့လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေ တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဘေးအသင့်ဆုံး စီဘူးကျွန်းမှ ၂၇၀ ကီလိုမီတာအကွာမှာ ရဟတ်ယာဉ်ပျက်ကျ မှု ဖြစ်ပွားခဲ့ပြီး လူ ၃၉ ဉီး ရေနစ်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နှစ်စဉ် အပူပိုင်းမုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခိုက်တာခံရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်း အတွင်း မြေငလျင်နဲ့ မုန်တိုင်းတွေ အပါအဝင် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ ကြုံတွေ့ခဲ့ရပါတယ်။

စက်တင်ဘာလအတွင်း တိုင်ဖွန်းမုန်တိုင်း ရာဂါဆာ လူဇုန်ကျွန်းမြောက်ပိုင်း ဝင်ရောက်တိုက် ခတ်ခဲ့ရာ စာသင်ကျောင်းတွေ၊ အစိုးရရုံးတွေ ပိတ်ခဲ့ရပါတယ်။

မုန်တိုင်းဘေးသင့်ဒေသများသို့ သွားရောက်မယ့် လေကြောင်းခရီးစဉ် ၃၀၀ ကျော်ကို ဖျက်သိမ်း ခဲ့ပြီး ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများ နေရပ်ပြန်ဖို့ အကြံပြုထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း ‘ကယ်မာဂီ” ရဲ့ အကျိုးသက်ရောက်မှုတွေအတွက် ဖြစ်နိုင်ခြေဘေးသင့်မှုတွေ ကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဗီယက်နမ်အစိုးရက အင်္ဂါနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း ရေဘေးသင့်မှုကြောင့် လူ ၄၀ သေဆုံးကာ ခြောက်ဉီး ပျောက်ဆုံးခဲ့တဲ့ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ တိုင်ဖွန်းမုန်တိုင်း “ကယ်မာဂီ” ကြာသပတေးနေ့ညပိုင်းမှာ ဝင်ရောက်တိုက် ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ကိုးကား – Reuters
Ref; Dozens killed, army helicopter downed as Typhoon Kalmaegi hits Philippines