ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့ အခြေစိုက်အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် နို၀င်ဘာလ ၂၇ရက်နေ့က AA တပ်ဖွဲ့၀င် ၉ ဦးနှင့် PDF ၆ ဦး စုစုပေါင်း ၁၅ ဦး အလင်း၀င်ရောက်သည့်အတွက် ကြိုဆိုသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီထိန်းချုပ်သတင်းစာများမှ ဝါဒဖြန့်မှုများ ပြုလုပ်နေသည်၊

အလင်း၀င်ရောက်သူ (၁၅)ဦးမှ မောင်းပြန်ရိုင်ဖယ်နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး​ပေးအပ်ခဲ့​ပြီး တိုင်း၀န်ကြီးချုပ်နှင့်စစ်တိုင်းမှူးတို့မှ ဂုဏ်ပြုဆုငွေများပေးအပ်ကာ ခံ၀န်လတ်မှတ်ထိုး၍ မိဘများထံပြန်အပ်ကြောင်း စစ်တပ်ပိုင်မီဒီယာများက ဖော်ပြထားသည်။

“ဒီလိုပွဲတွေက သူတို့အမြဲလုပ်နေကြပဲလေ PDFဆိုလဲ ဘယ်တပ်ရင်းက ဘယ်မြို့ကစစ်တပ်မှာ အလင်း၀င်တာလဲသေချာတဲ့ သတင်းထုတ်ပြန်တာမျိုးမရှိပါဘူး”ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့မှ AA အဖွဲ့ဝင်အမျိုးသား ကိုးဦးနှင့် မအူပင်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ဇလွန်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ခြောက်ဦးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ဧရာ၀တီတိုင်းရှိ သာပေါင်းမြို့နယ်နှင့် လေးမျက်နှာမြို့နယ်များတွင် စစ်တပ်နှင့် အာရက္ခတပ်တော်AAပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီထံ အလင်း၀င်ရောက်မှုနှင့်ပတ်သတ်ပြီး တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။