
ယူကရိန်းတပ်ဖွဲ့တွေရဲ့ တန်ပြန်ထိုးစစ်ကြောင့် ကာကတ်ဗ်ဒေသမှ ရုရှားတပ်ဖွဲ့တွေ ပြန်ဆုတ်ခွာရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၁ ရက်
ပြီးခဲ့တဲ့တစ်ပတ်အတွင်း ယူကရိန်းတပ်ဖွဲ့တွေရဲ့ သိသိသာသာ တန်ပြန်ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ရာ အ ရှေ့ပိုင်း ကာကတ်ဗ်ဒေသရှိ ဧရိယာနှစ်ခုမှ တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းနေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
ခုနှစ်လကြာ စစ်ပွဲအစမှာ ယူကရိန်းတပ်ဖွဲ့တွေက ကိယက်ဗ်မြို့တော်ကို သိမ်းပိုက်ဖို့ကြိုးပမ်းမှုကို တွန်း လှန်နိုင်ပြီးနောက်ပိုင်း အကြီးမားဆုံး စစ်မြေပြင်ဖြစ်လာနိုင်တဲ့ ဒုတိယအကြီးဆုံးမြို့တော် ကာကတ်ဗ်မြို့ရဲ့ တောင်ဘက်အထိ ယူကရိန်းတပ်ဖွဲ့တွေ ချီတက်လာနိုင်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ အခုလိုသတင်းတွေ ထွက် လာခဲ့တာပါ။
“ဒီရက်ပိုင်းအတွင်း ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာနေပါတယ်။ ရုရှားတပ်ဖွဲ့တွေအတွက် ဆုတ်ခွာတာဟာ ဆုံး ဖြတ်ချက်ကောင်းတစ်ခု ဖြစ်ပါတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဘာလက်လီယာနဲ့ အက်ဇမ်ဒေသမှ ရုရှားတပ်ဖွဲ့တွေကို အရှေ့ပိုင်း ဒိုးနက်ခ်ဒေသ၌ ပြန်လည်စုဖွဲ့မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုင်ဂေါ်ကိုနာရှန်ကော့ဗ်က ပြောကြားပါတယ်။
အက်ဇမ်ဟာ ကာကတ်ဗ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေအတွက် အရေးပါတဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး ဘာလက်လီယာ ဒေသခံတွေက ယူကရိန်းတပ်ဖွဲ့တွေ ဝင်ရောက်လာတာကို ပျော်ရွှင်စွာ ကြိုဆိုနေကြပုံကို လူမှု ကွန်ရက် ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
ကာကတ်ဗ်ဒေသမှာ အရေးပါတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ပြီး ယူကရိန်းတပ်ဖွဲ့တွေက အက် ဇမ်ဒေသအတွက် အရေးပါတဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိ သူတွေက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက အက်ဇမ်သို့သွားရာ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ ကူပီရန်ဆတ်မြို့ ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အိုလက်နီကိုလန်ကိုက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေ ရုတ်တရက် တန်ပြန်ထိုးစစ်ဆင်ခံခဲ့ရပြီး ယူကရိန်းတပ်ဖွဲ့တွေက မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရုရှားတပ်ဖွဲ့တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ ဗြိတိန်စစ်တပ်က ပြောပါတယ်။
ကိုးကား – AP
Ref; Surprised by Ukrainian counteroffensive, Putin’s troops withdraw from Kharkiv area