ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေကို အဆုံးသတ်ဖို့ တိုးတက်မှု တွေ ရှိနေပြီလို့ အင်္ဂါနေ့က ပြောခဲ့ပီဲး အီရန်ဘက်က သိသိသာသာ အလျှော့ပေးတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ အီရန်ဘက်က သင့်တော်တဲ့သူတွေနဲ့ ဆွေးနွေးနေပြီး အီရန်ဟာ သဘောတူညီချက်ရဖို့ စိတ်အားထက်သန်နေတယ်လို့ သူက ပြောပေမဲ့ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ ထုတ်မပြောၐခဲ့ပါဘူး။
အီရန်ဘက်ကနေ နျူကလီးယားမဟုတ်တဲ့ စွမ်းအင်ပိုင်းဆိုင်ရာ အဖိုးတန်တဲ့ အလျှော့ပေးလိုက် လျောမှုမျိုး လုပ်လာတယ်လို့ ဒေါ်နယ်ထရမ့်က ပြောပြီး ဒီလုပ်ရပ်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေး ပါတဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းတဲ့ ဒီရေလက်ကြားဟာ အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ခဲ့ပြီးကတည်းက ပိတ်ထားခဲ့ရတာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ စွမ်းအင်အခက်အခဲဖြစ်ပြီး လောင် စာဆီဈေးတွေ အကြီးအကျယ် တက်သွားပါတယ်။
အီရန်ရဲ့ အခုလို အလျှော့ပေးမှုကို “တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခုပဲ၊ သူတို့လုပ်ပေးတာ တ ကယ်ကို ကောင်းပါတယ်” လို့ ဒေါ်နယ်ထရမ့်က ချီးကျူးပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က တိုးတက်မှုတွေရှိတယ်လို့ ပြောနေပေမဲ့ အမေရိကန်က ပဋိပက္ခအဆုံးသတ်ဖို့ အသေးစိတ် အဆိုပြုလွှာတစ်ခု တင်ထားတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်တွေအရ အမေရိကန်ဟာ အီရန်ဘက်ကို အချက် ၁၅ ချက်ပါတဲ့ အခြေချညှိနှိုင်း ရေး အစီအစဉ်တစ်ခု ပေးပို့ထားပြီး တင်းမာမှုတွေလျှော့ချဖို့ အဆင့်ဆင့် ဖော်ပြထားတယ်လို့ ဆိုပါတယ်။
ဒီအဆိုပြုချက်ကို ကြားဝင်စေ့စပ်ပေးမယ့် ပါကစ္စတန်နိုင်ငံကတစ်ဆင့် ပေးပို့ခဲ့ပြီး နှစ်ဖက် ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ တစ်လခန့် ယာယီအပစ်အခတ်ရပ်စဲဖို့လည်း အဲဒီအစီအစဉ်မှာ ပါဝင်နိုင်တယ်လို့ သတင်း တွေက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသမှာ စစ်အင်အား တိုးမြှင့်နေပါတယ်။ အမှတ် ၈၂ လေတပ်မှ ထောင်ချီတဲ့ တပ်ဖွဲ့ဝင်တွေကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်မှာဖြစ်ရာ ယင်းဒေသမှာ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၀၀ အထိ ရှိလာမှာဖြစ်ပါတယ်။
ကိုးကား – Reuters
Ref; Trump says Iran talks underway as US sends peace plan, boosts military presence