ဧရာဝတီတိုင်းမ်
မတ် ၂၅ ရက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က တောင်ကိုရီးယားကို ရန်အလိုဆုံး ရန်သူနိုင်ငံအ ဖြစ် တရားဝင် သတ်မှတ်လိုက်ပြီး ဆိုးလ်က ရန်စလာရင် ဘယ်လိုမှ ညှာတာမှာမဟုတ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်ပိုင် နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း သူက ထပ် လောင်းအတည်ပြုခဲ့တယ်လို့ ပြုံယမ်းအစိုးရပိုင်မီဒီယာတွေက ယနေ့ ဖော်ပြပါတယ်။
ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ရဲ့ အဆိုအရ ကင်ဂျုံအန်ဟာ တနင်္လာနေ့က ပြုလုပ်တဲ့ ၁၅ ကြိမ်မြောက် ပြည်သူ့လွှတ်တော် (SPA) ပထမအကြိမ် ညီလာခံရဲ့ နောက်ဆုံးနေ့မှာ အခုလို မိန့်ခွန်း ပြောကြားခဲ့တာပါ။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တွေနဲ့အညီ မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေကိုလည်း ပြင်ဆင်လိုက်ပြီလို့ သူက ပြောပါတယ်။
မြောက်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်း စည်းရေးကို ဖော်ပြထားတာပါ။
၂၀၂၄ ခုနှစ်မှာ ကင်ဂျုံအန်က တောင်ကိုရီးယားကို နံပါတ်တစ် ရန်သူနိုင်ငံအဖြစ် သတ်မှတ်ဖို့ ဥပ ဒေကြောင်းအရ ပြင်ဆင်ကြဖို့ အမိန့်ပေးခဲ့ပြီးနောက် အခုလို အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်လာ လိမ့်မယ်လို့ အများက ခန့်မှန်းထားပါတယ်။
မြောက်ကိုရီးယားဟာ တောင်ကိုရီးယားအပေါ် ရန်လိုတဲ့သဘောထားကိုပဲ ကိုင်စွဲထားခဲ့ပြီး နှစ်နိုင် ငံကြား ပြန်လည်ပတ်သက် ဆက်ဆံနိုင်မယ့် အခွင့်အလမ်းတွေကိုလည်း ထပ်ခါတလဲလဲ ပယ်ချထားခဲ့ပါ တယ်။
ကင်ဂျုံအန်က အမေရိကန်ဟာ ကမ္ဘာ့နေရာအတော်များများမှာ အကြမ်းဖက်မှုတွေနဲ့ ကျူးကျော်မှု တွေကို လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။
ဒါဟာ လတ်တလော ဖြစ်ပွားနေတဲ့ အမေရိကန်နဲ့ အီရန်ကြားက စစ်ပွဲကို ရည်ညွှန်းတာဖြစ်ပုံရပေ မဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမည်ကိုတော့ တိုက်ရိုက် ပြောဆိုခြင်း မရှိခဲ့ပါဘူး။
ကင်ဂျုံအန်က မြောက်ကိုရီးယားရဲ့ ခုခံကာကွယ်ရေးဆိုင်ရာ နျူကလီးယား ဟန့်တားမှုစွမ်းရည် ကို ပိုပြီးတိုးတက်အောင် လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
နိုင်ငံနဲ့ ဒေသတွင်း လုံခြုံရေးအပေါ် ကျရောက်လာနိုင်တဲ့ မဟာဗျူဟာမြောက် ခြိမ်းခြောက်မှုတွေ ကို တုံ့ပြန်နိုင်ဖို့အတွက် သူတို့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေကို ချက်ချင်းလက်ငင်း တိတိကျကျ တုံ့ပြန်နိုင် မယ့် အနေအထားမျိုး အမြဲရှိနေအောင် ထိန်းသိမ်းထားမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – Yonhap
Ref; N. Korea’s Kim officially recognizes S. Korea as ‘most hostile’ nation
Kim officially recognizes S. Korea as ‘most hostile’ nation