ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ မူလက ခန့်မှန်းထားတာထက် ပိုပြီး ကြာမြင့်နိုင်ခြေရှိပြီး ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစဉ်တွေဟာ နောက်ထပ် သီတင်းပတ် အတော်ကြာ အောင် အချိန်ယူရဦးမယ်လို့ အမေရိကန်က အစ္စရေးကို ပြောပါတယ်။
အစ္စရေးရဲ့ Channel 12 ရုပ်သံလိုင်းက တနင်္ဂနွေနေ့မှာ ဖော်ပြချက်အရ အမေရိကန်ရဲ့ ရည်မှန်း ချက်ဟာ ရေလမ်းကြောင်းကို ပြန်ဖွင့်ဖို့သက်သက်တင် မဟုတ်ဘူးဘဲ ကမ္ဘာ့ရေနံဈေးနှုန်းတွေအပေါ် လွှမ်း မိုးဖို့ ကြိုးစားနေတဲ့ အီရန်ရဲ့ သြဇာအာဏာကိုပါ အမြစ်ပြတ်ချေမှုန်းပစ်ဖို့ ဖြစ်ပါတယ်။
ဒီလုပ်ငန်းစဉ်တွေအတွက် အချိန်ယူရမယ်ဆိုရင်တောင် အီရန်နဲ့ ပတ်သက်ပြီး မဟာဗျူဟာ မြောက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာစေဖို့ သူတို့ဘက်က အလိုရှိနေတယ်လို့ အမေရိကန် အရာရှိ တွေက ပြောကြားထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခုဆိုရင် စတုတ္ထပတ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ဒီစစ် ဆင်ရေးဟာ ၄ ပတ်ကနေ ၅ ပတ်လောက်အထိပဲ ကြာမြင့်မယ်လို့ မူလက ခန့်မှန်းခဲ့ပြီး စစ်ဆင်ရေးတွေ ဟာ သတ်မှတ်ထားတာထက် စောပြီး ပြီးစီးနေတယ်လို့ အကြိမ်ကြိမ် ထုတ်ဖော်ပြောပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အက်ဖီဒီဖရင်က အီရန်နဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘို လာအဖွဲတွေအပေါ် တိုက်ခိုက်မှုတွေဟာ နောက်ထပ် သီတင်းပတ်အတော်ကြာ ကြာမြင့်နိုင်ခြေရှိတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အခြေစိုက် Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝါရှင်တန်နဲ့ မဟာမိတ်နိုင်ငံတွေက အရာရှိတွေဟာ အခုပဋိပက္ခက အရှိန်အဟုန်လျော့ကျသွားတဲ့ အဆင့်ကို ရောက်ရှိသွားရင်တောင်မှ အမေ ရိကန်ရဲ့ ပါဝင်ပတ်သက်မှုဟာ စက်တင်ဘာလအထိ ကြာရှည်သွားနိုင်တယ်လို့ တွက်ဆနေကြပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှု တွေအတွင်း အီရန် ထိပ်သီးခေါင်းဆောင်ဟောင်း အလီခါမေနီ အပါအဝင် လူပေါင်း ၁,၃၀၀ ခန့် သေဆုံးခဲ့ ပါတယ်။
အီရန်ကလည်း အစ္စရေးအပြင် အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းတွေရှိရာ ဂျော်ဒန်၊ အီ ရတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။
ကိုးကား – TRT World
Ref; Iran war may last longer than planned, Washington tells Israel — Report