ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ်လို့ ခြိမ်း ခြောက်ထားတာကို တကယ်လုပ်ဆောင်လာရင် ဟော်မုဇ်ရေလက်ကြားကို အပြီးပိုင် ပိတ်ပစ်မယ်လို့ အီ ရန်က ပြောကြားလိုက်ပါတယ်။

 

တနင်္ဂနွေနေ့မှာ အီရန်နိုင်ငံပိုင် မီဒီယာတွေကနေတစ်ဆင့် စစ်ဘက်ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ် ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာပါ။

 

ပြီးခဲ့တဲ့ စနေနေ့က ဒေါ်နယ်ထရမ့်ရဲ့ လူမှုကွန်ရက်စာသားအပေါ် တုံ့ပြန်လိုက်တာဖြစ်ပြီး ၄၈ နာရီ အတွင်း ရေလက်ကြားကို အပြည့်အဝ ပြန်မဖွင့်ပေးရင် အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေကို အကုန်ချေ မှုန်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။

ဒီရေလက်ကြားကို ရန်သူနဲ့ အန္တရာယ်ရှိတဲ့ သွားလာမှုတွေအတွက်ပဲ ပိတ်ထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ ရေလက်ကြားတစ်ခုလုံးကို လုံးဝကြီး ပိတ်ထားတာမျိုး မဟုတ် သေးဘဲ သူတို့ရဲ့ စမတ်ကျကျ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

 

အမေရိကန်ဘက် ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုအတိုင်း တကယ်လုပ်ဆောင်လာရင် ဟော်မုဇ် ရေလက်ကြားကို အပြီးတိုင် ပိတ်ပစ်မှာဖြစ်ပြီး ဖျက်ဆီးခံလိုက်ရတဲ့ ဓာတ်အားပေးစက်ရုံအားလုံးကို အ ပြည့်အဝ ပြန်လည်တည်ဆောက်ပြီးစီးတဲ့အထိ ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ ထုတ်ပြန်ချက်က ပြောပါတယ်။

 

အီရန်ရဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ နိုင်ငံထဲမှာ အမေရိကန်စစ်စခန်းတွေကို လက်ခံထားမယ်ဆို ရင် အဲဒီနိုင်ငံတွေမှာရှိတဲ့ ဓာတ်အားပေးစက်ရုံတွေဟာလည်း တိုက်ခိုက်ရမယ့် ပစ်မှတ်တွေ ဖြစ်လာလိမ့် မယ်လို့ ထုတ်ပြန်ချက်က သတိပေးထားပါတယ်။

 

ဒီပဋိပက္ခကို အီရန်ဘက်က စတင်ခဲ့တာမဟုတ်သလို ရန်သူကသာ သူတို့ရဲ့ ဓာတ်အားပေးစက်ရုံ တွေကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အီရန်အနေနဲ့ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်တာ မှန်သမျှ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

 

ကိုးကား – NHK
Ref; Iran: Strait of Hormuz will be completely closed if US hits power plants