ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

 

အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံတောင်ပိုင်းက နျူကလီးယားစက်ရုံအနီးမှာရှိတဲ့ ဒီမိုနာမြို့ကို ထိမှန်သွားပါတယ်။

 

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကတော့ ဒီမိုနာမြို့ပြင် ၈ မိုင်ခန့်အကွာမှာရှိတဲ့ နျူ ကလီးယား သုတေသနစက်ရုံ ထိခိုက်ပျက်စီးမှုရှိတယ်ဆိုတာမျိုး မကြားသိရသေးဘူးလို့ ပြောပါတယ်။

 

အီရန်အစိုးရရုပ်သံရဲ့ ပြောကြားချက်အရ ဒီတိုက်ခိုက်မှုဟာ စနေနေ့အစောပိုင်းက အီရန်ရဲ့ နာတန့်ဇ်နျူကလီးယားစက်ရုံ တိုက်ခိုက်ခံရမှုအပေါ် လက်တုံ့ပြန်တာဖြစ်တယ်လို့ သိရပါတယ်။နာတန့်ဇ်စက်ရုံ ဖြစ်စဉ်မှာလည်း ပတ်ဝန်းကျင်မှာ ဘေးထွက်ဓာတ်ရောင်ခြည်သင့်မှု မြင့်တက် လာတာမျိုး မရှိဘူးလို့ IAEA က ဆိုပါတယ်။

အစ္စရေး လူနာတင်ယာဉ်ဝန်ဆောင်မှုအဖွဲ့ရဲ့ ပြောကြားချက်အရ ဒီမိုနာမြို့ တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူ ၄၀ ဦးကို ဆေးကုသပေးနေပြီး အဲဒီထဲမှာ ၃၇ ဦးက ဒဏ်ရာအနည်းငယ်ရရှိပြီး ၁၀ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။

 

အရတ်မြို့မှာလည်း နောက်ထပ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့လို့ လူ ၆၈ ဦးကို ကုသပေးနေရပြီး အဲ ဒီထဲမှာ ၄၇ ဦးက ဒဏ်ရာအနည်းငယ်ရပြီး ၁၀ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။အစ္စရေးအာဏာပိုင်တွေဟာ အီရန်ဒုံးကျည်တွေက သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် တွေကို ဘယ်လိုမျိုး ဖောက်ထွက်လာနိုင်သလဲဆိုတာကို အသေးစိတ် စုံစမ်းစစ်ဆေးနေကြပါတယ်။

 

အစ္စရေးနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးကတော့ အီရန်ရဲ့ နျူကလီးယားဗုံး ထုတ်လုပ်နိုင်စွမ်းရှိသမျှ ကို အမြစ်ဖြတ်ခြေမှုန်းဖို့ဆိုတာ ဒီစစ်ပွဲရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ပြောပါတယ်။ အီရန်အနုမြူစွမ်းအင်အဖွဲ့ (AEOI) ကတော့ နာတန့်ဇ်စက်ရုံ တိုက်ခိုက်ခံရတာဟာ နျူကလီးယား လက်နက် မပြန့်ပွားရေးစာချုပ် (NPT) ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။

 

ကိုးကား – BBC
Ref; Iranian strike hits near Israeli nuclear facility after Tehran says its site targeted