ဧရာဝတီတိုင်းမ်
မတ် ၂၂ ရက်

 

နီပေါနိုင်ငံအရှေ့ပိုင်းရှိ တက္ကသိုလ်တစ်ခုတွင် တရုတ်သမ္မတရှီကျင့်ဖျင် ရေးသားထားသည့် စာအုပ်အချို့ မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ နီပေါအစိုးရတာဝန်ရှိသူများက စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

 

နီပေါရှိ Manmohan Technical University တွင် ပြီးခဲ့သည့် မတ် ၁၄ ရက်နေ့က တရုတ်သမ္မတရှီကျင့်ဖျင်ရေးသားထားသည့် “The Governance of China” အမည်ရ စာအုပ်အပါအဝင် စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီးခံနေရသည့် ရုပ်သံဖိုင်ထွက်လာပြီးနောက် တရုတ်သံရုံးက စိုးရိမ်ကြောင်းပြောကြားခဲ့ခြင်ရဖြစ်သည့်

တရုတ်သံရုံ၏ ပြောကြားမှုအပြီး နီပေါအစိုးရက အဖွဲ့ဝင် ငါးဦးပါသည့် စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၁၅ ရက်အတွင်း မည်သို့မီးရှို့မှုစတင်ဖြစ်ပွါးခဲ့ကြောင်း စုံစမ်းရန်နှင့် အစီရင်ခံစာကိုတင်ပြရန် ညွှန်ကြားထားကြောင်းလည်း သိရသည်။

 

တက္ကသိုလ်၏ ဒုတိယအကြီးအကဲဖြစ်သူ Subash Shree Pokhrel က တက္ကသိုလ်အတွင်းရှိ ခြစားနေသည့် စာအုပ်ဟောင်းများနှင့်စက္ကူများကို ရှင်းလင်းစဉ် သမ္မတရှီကျင့်ဖျင်၏ စာအုပ်အချို့ မတော်တဆ ပါဝင်သွားခြင်းဖြစ်​ပြီး တရုတ်နှင့် ချစ်ကြည်ရေးကို ထိခိုက်စေလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

 

နီပေါနိုင်ငံသည် ပြိုင်ဆိုင်မှုပြင်းထန်နေသည့် တရုတ်နှင့် အိန္ဒိယကြားရှိ သဘာဝအတားအဆီးဖြစ်နေသည့် ဟိမဝန္တာနိုင်ငံတခုဖြစ်ပြီး တရုတ်သည် လည်း နီပေါ၏အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ကာ ဆေးရုံ၊ ကျောင်း စသည့် အခြေခံအဆောက်အအုံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားကြောင်း သိရသည်။

 

ကိုးကား – Reuters
Ref; Nepal investigating burning of Xi Jinping’s book at university